Chapter 17

793 113 28
                                    

Unicode

click~

Buiက rifle ကို ကျည်ထိုးပြီးနောက် သူ့ရဲ့အနက်ရောင်ကျောပိုအိတ်ကို ကောက်လွယ်လိုက်သည်။ကုတင်ပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ Bibleကိုစောင်းငဲ့ကြည့်ပြီး

"နိုးလာရင် ငါကို့ လိုက်ရှာနေမှာမလား...."

Buiက ခပ်တိုးတိုးလေး‌ရေရွတ်ရင်း Bibleရဲ့ နဖူးကို ခပ်ဖွဖွလေးနမ်းပြီးတဲ့နောက်မှာ သူ အခန်းထဲက တိတ်တဆိတ် ထွက်လာခဲ့သည်။couterမှာ ထိုင်နေတဲ့ Barcodeနဲ့ P'Pingကိုတွေ့တော့ သူrifleကို counterပေါ်တင်ပြီး

"ကျည်နည်းနည်းလောက်ထုတ်ပေး...ပြီးရင် ကျွန်တော်ကို pistol ခဏငှားပေးပါ...."

Pingက counter အောက်က ကျည်ကတ်အချို့ကို ဆွဲထုတ်လာပြီး counter ပေါ်တင်ကာ သူ့ရှေ့ကိုထိုးပေးလိုက်သည်။

"မင်းတကယ်သွားမှာသေချာပြီလား...."

"အင်း..."

Ping သူ့ခါးကြားထဲ့ pistol ကို Buiလက်ထဲ ထည့်ပေးလိုက်သည်။

"ဒါက ကံကောင်းစေတယ်..."

Ping Barcode ပါရှိနေသေးတာကို သတိရသွားတော့

"Oii...ငါမှာ တစ်လက်ပဲ ကျန်တော့တယ်..."

"ရတယ် ကျွန်တော်မှာ တစ်လက်ရှိတယ်...."

Bui-"leather လက်အိတ်ရှိလား...."

"Or Hò မင်းက လိုနေတာများလှချည်လား..."

"မြန်မြန်ထုတ်ပေးပါP' ကျွန်တော် ပိုက်ဆံပေးမယ်..."

Buiက ဘောင်ဘီ အိပ်ကပ်ထဲက ငွေစက္ကူ baht အချို့ကို ထုတ်ပြီးcounterပေါ်တင်ပေးလိုက်သည်။

Pingက ခပ်ပါးပါးပြုံးလျက်

"စတာပါ...ထုတ်ပေးမယ် ပြန်ယူ..."

Pingက အညိုရောင် leather လက်အိပ်နှစ်စုံကိုထုပ်ပေးလိုက်သည်။Buiက လက်အိတ်တွေကိုဝတ်လိုက်ပြီး counterပေါ်က pistol ကို ခါးကြားထဲထိုးလိုက်သည်။ sniperကိုကောက်လွယ်လိုက်ပြီး

"Barcode သွားမယ်..."

Ping-"သူတို့နိုးလာရင် ငါဘာပြောပေးရမလဲ...."

Barcode-"......"

Bui-"မသိဘူး...P'ကျွန်တော်တို့ဘယ်သွားတယ်ဆိုတာမသိဘူးလေ..."

BEASTS  ( complete)Where stories live. Discover now