Chapter 6

754 125 10
                                    

Unicode

‌Bui ခပ်စူးစူးအလင်းရောင်ရဲ့ကျိန်းစက်မှုကြောင့် မျက်မှောင်ကျုံ့မိသည်။သူမျက်လုံးဖွင့်ကြည့်လိုက်တော့ ပတ်ဝန်းကျင်က လင်းထိန်လို့နေသည်။သူခေါင်းအောက်က အရင်လိုကားရဲ့ ‌မာမာကျောကျော သတ္တုမျက်နှာပြင်မဟုတ်ဘဲ သက်တောင့်သက်သာရှိနေတာကြောင့် သူသတိထားမော့ကြည့်မိလိုက်သည်။

Bible!!!ချီးလား...ငါဘာလို့သူ့ရင်ဘက်ပေါ်ရောက်နေတာလဲ။

မနေ့က ညကသေချာပေါက် ကားကိုမှီပြီး အိပ်ပျော်သွားတာဖြစ်သည်။ယခုမနက်မိုးလင်းတော့ Bible ရင်ဘက်ပေါ်ရောက်နေသည်တဲ့လား။Poသူ့ကို 'မင်းက အိပ်ရေးဆိုးတယ်'လို့ ပြောတုန်းက သူသိပ်မယုံခဲဘူး။ခုတော့တကယ်ကြီးဟ...

"ဟူး....တော်သေးတယ် သူမနိုးသေးလို့...ဒါပေမဲ့ ငါအဲ့လောက်ထိ အိပ်ရေးဆိုးလို့လား...."

"တစ်ယောက်တည်း ဘာတွေပြောနေတာလဲ..."

Bibleလည်းနိုးနေခဲ့ပြီ။သူက ညောင်းညာနေတဲ့ သူ့ရဲ့ ညာဘက်လက်ကို အနည်းငယ်ခါထုတ်လိုက်ပြီး တစ်ယောက်တည်း တတွတ်တွတ်နဲ့ပေါက်ပေါက်ဖောက်နေတဲ့Buiကို မျက်မှောင်ကျုံကာကြည့်လိုက်သည်။

Bui-"ဘာမှ မဟုတ်ဘူး...Po ကိုနှိုးမလို့..."

Bible က ထုံစံအတိုင်း သူရဲ့ sniper ကို ကိုင်ကာ ကာပေါ်က ခုန်ဆင်းလိုက်သည်။

Bible ထွက်သွားမှာ Buiက ခုချိန်ထိ အိပ်ပျော်နေသေးသည့် Apoကို လှုပ်နှိုးလိုက်သည်။

"အိုက်Po...ထပါဦး...."

Poက တစ်ညလုံးထိုင်အိပ်ခဲ့လို့ ညောင်းနေတာကြောင့် အကြောဆန့်လိုက်ပြီး

"ဟား...ဘာလဲ...."

"ငါမင်းကို ထူးဆန်းတဲ့ကိစ္စ တစ်ခုပြောစရာရှိတယ်...."

"........"

"ငါ မနေ့ကညက ကားကိုမှီပြီး အိပ်ပျော်သွားတာ သေချာတယ် လုံးဝပဲ...ဒီမနက် နိုးလာတော့ Bible ပေါ်ရောက်နေတယ် ပြောစမ်းပါ ငါအရင် ကအဲ့လောက်တောင် အိပ်ရေးကြီးခဲ့တာလား...."

"အဲ့ဒါ မင်းကိစ္စလေ ငါ့ကို အပူကပ်နေတာ ရပ်လိုက်တော့...."

"Oww....ငါတကယ်သိချင်လို့လေ...."

BEASTS  ( complete)Where stories live. Discover now