Chapter 5

743 127 57
                                    

Unicode

pick truck ကားဟာ အဝေး‌‌ပြေးလမ်းမထက်မှာ နာရီပေါင်းများစွာမောင်းနှင်ခဲ့သည်။ပတ်ဝန်းကျင်ကို အမှောင်ထုကလွှမ်းခြုံလို့သွားခဲ့သည်။ကောင်းကင်က ကြည်လင်နေတာကြောင့်လပြည့်နေတာကို ရှင်းရှင်းလင်းမြင်ရသည်။ကမ္ဘာစပျက်တဲ့အချိန်က စပြီးသူတို့နေရက်တွေကို မရေတွက်ထားမိကြဘူး။

Bible သူပခုံးပေါ်မှာ အပူအပင်ကင်းကင်းနဲ့ အိပ်ပျော်နေသည့် Buiကို တစ်ချက်စောင်းငဲ့ကာ
ကြည့်လိုက်သည်။Buiရဲ့ စရိုက်ထူးဆန်းသည်။သူက အနာဂတ်ကိုဘယ်တော့မှ မပူပန်တတ်ဘူး။ပစ္စုပ္ပာန်မှာ သူ့ဖြစ်ချင်တဲ့ အရာတွေကိုပဲရှေးတန်းတင်တတ်သည်။

Buiကြည့်ရသည်မှာ ဒီနေ့တော်တော်လေးပင်ပန်းသွားသည်ထင်သည်။နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားသည်။‌‌ဘေးပတ်ဝန်းကျင်က လေအေးတွေတိုက်ခက်နေတာတောင် အအေးကြောက်တဲ့သူက ချမ်းဟန်မပြ။Bibleသူ့ကျောပို့အိတ်ထဲက အနက်ရောင်Jacket ကို ဆွဲထုတ်ကာ Buiကိုယ်ပေါ်ကို လွှားပေးလိုက်သည်။သူတို့နာရီအနည်းငယ်လောက် မောင်းနှင်ပြီးတဲ့‌အခါ Bibleလည်းအနည်းငယ် ငိုက်မြည်းစပြုလာသည်။မိနစ်ပိုင်းလောက်အကြာမှာ Jeff ကbreakကို ရုတ်တရက်နင်းလိုက်တာကြောင့် အရှိန်နဲ့မောင်းနေတဲ့ pick truck ဟာ ရုတ်ချည်းရပ်တန့်သွားသည်။

Bibleက ပတ်ဝန်းကျင်ကိုနည်းနည်းစူးစမ်းလိုက်တော့ ခုချိန်ထိ အဝေးပြေးလမ်းမကြီးကိုမြင်နေရသေးသည်။

သူက pick truck ခေါင်းခန်းနဲ့ သူတို့ရှိနေတဲ့
ကြားမှာရှိနေတဲ့ မှန်တံခါးကို နှစ်ချက်ခန့်ခေါက်လိုက်တော့ Apoက မှန်တံခါးကိုဆွဲဖွင့်ပေးလာသည်။

Apo-"ရှေ့မှာ တံတားကျိုးနေတယ်..."

ပတ်ဝန်းကျင်ကလည်းအတော်လေး မှောင်မည်းနေသည်။လျှပ်စစ်မီးတွေ ဖြတ်တောက်ခံထားရတာကြောင့် လရောင် တစ်ခုတည်းသာရှိနေသည်။

"Bui....."

Bibleက သူ့ကိုမှီပြီး အိပ်ပျော်နေတဲ့ Bui ကို လှုပ်နိုးလိုက်သည်။

Buiမိနစ်ပိုင်းအတွင်းမှာ အိပ်ပျော်သွားခဲ့သည်ထင်၏။သူနိုးလာတော့ Bibleပခုံးပေါ်အိပ်ပျော်နေသည်ကို သတိထားမိလိုက်သည်။သူအသည်းအသန် ကုန်းထကာ

BEASTS  ( complete)Where stories live. Discover now