Chapter 14

817 125 24
                                    

Unicode

"Bui....ကိုယ်မင်းကိုချစ်တယ်...."

Buiက အိပ်ပျော်နေတာမဟုတ်တဲ့ အပြင် အိပ်ငိုက်နေတာမျိုးတောင်မရှိတဲ့အတွက် Bibleရဲ့စကားကိုရှင်းရှင်းလင်းလင်းကို ကြားလိုက်သည်။သူလှည့်ကြည့်မိလိုက်တော့ သူရဲ့ မျက်နှာက Bibleနဲ့အရမ်းနီးကပ်သွားသည်။Bibleဆီက အသက်ရှူထုတ်လိုက်တဲ့ လေနွေးနွေးလေးတွေက သူရဲ့မျက်နှာကို ထိခတ်လာသည့်အထိပင်။သူနဲ့ Bible စက္ကန့်ပေါင်းများစွာ အကြည့်ချင်းစုံးမိသွားသည်။

"ငါကိုမနောက်နဲ့...Bib"

Buiက တစ်ဖက်ကိုပြန်လှည့်ဖို့ ကြံလိုက်ပေမဲ့ Bibleက သူ့ကို ပြန်ဆွဲလှည့်ကာ သူ့လက်တွေကို ချုပ်ပြီး ကုတင်ပေါ်မှာဖိကပ်ထားလိုက်သည်။

"မင်းဘာလုပ်တာလဲ..."

"ငါပုံက နောက်နေတဲ့ ပုံပေါ်နေလို့လား...."

Bibleက ဒေါသထွက်နေတာ မဟုတ်ပေမဲ့ သူကိုဖိထားတဲ့ Bibleရဲ့ အားက အရမ်းများလွန်းတာကြောင့် ရုန်းလို့မရ။

"မင်းငါ့ကို တကယ်မချစ်ပါဘူး..."

"ဘာလို့လဲ...."

"ငါက မင်းကိုအမြဲတမ်းစိတ်အနှောက်ယှက်ပေးနေတဲ့ကောင်...မင်းကို မင်းပြန်‌မေးကြည့်ပါဦး...ငါကို တကယ်ကြိုက်တာဟုတ်ရဲ့လားဆိုတာ..."

Buiက သူ့ကိုမျက်နှာလွှဲထားဆဲ။Bibleက Buiရဲ့ ညာဘက်ပါးပေါ်က မှဲ့သေးသေးလေးကို အတန်ကြာစိုက်ကြည့်နေခဲ့ပြီးမှ ရုတ်တရက်Buiရဲ့ ညာဘက်ပါးပြင်ကို ဖိကပ်နမ်းရှိုက်လိုက်သည်။

Bui  Bibleရဲ့ရုတ်တရက်အပြုအမူ‌ကြောင့်မျက်လုံးပြူသွားခဲ့သည်။

"မင်းဘာလုပ်တာလဲ...."

"Bui...ကိုယ်ပြောတာကိုနားထောင်...မင်းက ကိုယ့်အတွက်တော့ စိတ်အနှောင့်အယှက်‌ပေးတဲ့လူမျိုးမဟုတ်ဘူး...Bui...မင်းက ကိုယ့်အတွက် ချစ်စရာအကောင်းဆုံး လူပဲ...မင်းအိပ်နေတဲ့ အခါ မင်းစကားများတဲ့အခါ မင်းစိတ်ဆိုးတဲ့အခါ မင်း ဒေါသထွက်တဲ့အခါ မင်းကြိုက်တဲ့ ထမင်းကြော်စားနေရတဲ့အခါ ဆန်ပြုတ်မကြိုက်လို့မင်းရှုံ့မဲ့နေတဲ့ အခါမျိုး တွေမှာ မင်းက အရမ်း ချစ်ဖို့ကောင်းတယ်..မင်း..."

BEASTS  ( complete)Where stories live. Discover now