Epi 38

8.9K 574 45
                                    


နောက်တနေ့မနက်တွင် ပိုးစောစောထကာ မနက်စာပြင်ဆင်ချက်ပြုတ်နေတုန်း နောက်ကနေခါးကိုလာဖက်ကာ ပခုံးပေါ်မေးတင်ပြီး ပါးတစ်ဖက်ကိုလာနမ်းသည့်မောင် ။ ညကတည်းကစိတ်ဆိုးပြေနေပြီပေမယ့် ဆက်ပြီးမသိချင်ယောင်ဆောင်ကာ ခါးကိုဖက်တွယ်ထားသည့်လက်ကိုအသာဖယ်ခွာလိုက်သည် ။

" မောင့်ကလေးလေးမောင့်ကိုစိတ်ဆိုးမပြေသေးဘူးလားဗျ ညကမောင် ကလေးလေးစကားနားထောင်ပြီး တိတ်တိတ်ကလေးဟိုဘက်အခန်းအခန်းမှာသွားအိပ်နေခဲ့တာလေနော် "

သူအိပ်ခဲ့သည့်အခန်းကို လက်ညိုးထိုးကာပြောပြလာသည့်မောင်က တကယ့်ကလေးလိုပါပဲ ။ ရယ်ချင်စိတ်ကိုမနည်းထိန်းကာ မောင့်ရှေ့ကထွက်သွားပြီး စားပွဲပေါ်တင်ထားသည့် လက်သုတ်ပဝါကိုယူကာ လက်သုတ်ရင်းစကားပြောလိုက်သည် ။

" ခုငယ်မအားဘူး မောင့်အမြင်ပဲ မနက်နက်စာပြင်နေတယ်လေ "

စျာန် ချစ်ရသူ၏အနားကိုသွားကာ လက်ကလေးနှစ်ဖက်ကိုအုပ်ကိုင်ကာ နမ်းလိုက်ပြီး ။

" ဒါဆို မောင့်ကိုစိတ်မဆိုးတော့ဘူးပေါ့နော် "

" အင်း ဒါပေမယ့် နောက်တခါရန်ဖြစ်ရင်ငယ်ခွင့်မလွှတ်တော့ဘူးနော်မောင် "

" ဟုတ် မောင့်ကလေးလေးမကြိုက်တာမောင်ဘယ်တော့မှမလုပ်တော့ဘူး ကတိပေးတယ် "

" ပြီးတာပဲ နေရာမှာဝင်ထိုင် ငယ်မနက်စာပြင်လိုက်တော့မယ် "

မနက်ခင်းအိပ်ယာမှနိုးထချိန်မျက်လုံးနှစ်လုံးပွင့်တာနှင့် အရင်ဆုံးချစ်ရသူကိုမြင်ခွင့်ရခြင်းဟာ စျာန့်အတွက်တော့ကြည်နူးစရာကောင်းလှသည် ။ ညကကိုယ့်အပြစ်နှင့်ကိုယ်မို့သာ မနက်ကမကြည်နူးရခြင်းပင် ။ မနက်ခင်း ချစ်ရသူပြင်ပေးသည့် မနက်စာစားရခြင်းဟာ စျာန့်အတွက်တော့ ဒီအခိုက်အတန့်လေးဟာ ဘယ်လိုအရာမျိုးနှင့်မှအစားထိုးမရအောင်ပင် ။

ငယ်ပြင်ပေးသည့်ထမင်းကြော်ပူပူလေးနှင့် ကြက်ဥချောင်းကိုအရသာခံစားရင်း ချစ်ရသူကိုလည်း အကြည့်မပြတ်ပေ ။ ညဝတ်အင်္ကျီမလဲရသေးတာကြောင့် ညကမကြည့်ခဲ့ရတာကို တဝကြီးကြည့်နေလိုက်သည် ။

{Edit}မြတ်နိုးခြင်းများအားဆောင်ကျဥ်းခဲ့ပါသော သူ၏... ( COMPLETED )Место, где живут истории. Откройте их для себя