Epi 20

9.9K 746 10
                                    

အာကာ့ရဲ့ကားက၆ယောက်စီးဖို့အဆင်မပြေတာကြောင့် ရွှန်းရဲ့ဦးလေးအကူအညီဖြင့်Alphardကားတစ်စီးဌားကာ မနက်၆နာရီလောက်ပုသိမ်မြို့ကထွက်လာခဲ့ကြသည် ။ ပုသိမ်ကစထွက်ကတည်းက ပိုးတို့ကအိပ်လိုက်လာပြီး အာကာ့ဘေးကနေအာကာမပျင်းရအောင် ဝသုန်ကစကားပြောဖော်လုပ်ကာ လိုက်ပါလာသည် ။

၈နာရီလောက်ချောင်းသာကိုရောက်ပြီး မနက်စာစားကာ ချောင်းသာကနေမြောက်ဘက်တန်းတန်းရွှေသောင်ယံကမ်းခြေကိုခရီးဆက်လာခဲ့သည် ။ ချောင်းသာကစထွက်တော့ ပိုးတို့တွေလဲဆက်မအိပ်တော့ပေ ။ တစ်ကားလုံးမှာ ရွှန်းနဲ့နီယံ့ရဲ့စကားသံချည်းသာစိုးမိုးနေသည် ။ ဒါတောင် အာကာကကားမောင်းနေလို့ မဟုတ်ရင် နီယံနဲ့အာကာရဲ့ဆဲသံတညံညံကိုကြားရအုံးမည်သာ ။ မိနစ်၃၀လောက်မောင်းအပြီးမှာတော့ အုန်းပင်တွေနဲ့ပြည့်နေတဲ့ ရွှေသောင်ယံကမ်းခြေကိုရောက်လာကြသည် ။

      LAI LAI   ဟော်တယ်မှာကြိုတင်Booking ယူထားပြီးဖြစ်တာကြောင့် အခန်းနေရာချတော့ စျာန်နဲ့ဝသုန်ကတစ်ခန်းယူပြီး အာကာနဲ့နီယံကတစ်ခန်း ပိုးနဲ့ရွှန်းကတစ်ယောက်တစ်ခန်းစီနေကြသည် ။ အစကနီယံကအာကာနဲ့မနေချင်၍ ပြောကြည့်သော်လည်း အကြောင်းအမျိုးမျိုးကြောင့်လက်ခံလိုက်ရသည် ။

ခရီးစရိတ်ကိုစျာန်ကပဲအကုန်အကျခံတာကြောင့် အဆင်ပြေလှသည် ။ ကိုယ့်အခန်းမှာ ကိုယ် အထုတ်ကိုယ်စီချပြီး Hotel lobby မှာလူစုကာ ကမ်းခြေဘက်ကိုလမ်းလျှောက်ထွက်ခဲ့ကြသည် ။

" ခုရွာထဲခဏလျှောက်ကြည့်ကြမယ် ၁၂နာရီလောက်ဟော်တယ်ကိုပြန်လာပြီး ဟော်တယ်မှာပဲနေ့လည်စာစားမယ် ညနေမှရေဆင်းဆော့ကြတာပေါ့ "

စျာန့်ရဲ့အစီအစဥ်ကိုအားလုံးကလက်ခံကြသည် ။ စျာန်တို့တွေရွာထဲဝင်လာတော့ ရွာလေးကအတော်အေးချမ်းလှ၏ ။ လမ်းတစ်လျှောက်မှာအုန်းပင်တွေစီတန်းစိုက်ပျိုးထားပြီး လူသိနည်းတဲ့ရွှေသောင်ယံကမ်းခြေဟာ သဘာဝဆန်ဆန်လှပပြီး မပျက်မစီးရှိနေသေးသည် ။

ရွာလယ်လောက်ရောက်တော့ စျေးတန်းလေးကိုရောက်လာပြီး အစားအသောက်ဆိုင် ၊ လက်ဆောင်ပစ္စည်းဆိုင် ၊ အမှတ်တရအင်္ကျီရောင်းဆိုင် တချို့ကိုတွေ့ရသည် ။ စျာန်ကရှေ့ကနေအမှတ်တရအင်္ကျီဆိုင်ဝင်သွားတော့ ကျန်သူတွေပါနောက်ကလိုက်ပါလာသည် ။

{Edit}မြတ်နိုးခြင်းများအားဆောင်ကျဥ်းခဲ့ပါသော သူ၏... ( COMPLETED )Where stories live. Discover now