Epi 19

9.3K 751 7
                                    

မနက်ဖြန်ဆိုပိုးတို့စာမေးပွဲဖြေဆိုရမည့်နေ့ ။ စာ​တွေကရပြီးသားတွေဖြစ်သော်လည်း စာမေးပွဲဆိုတဲ့အသံကြားတာနဲ့လူက ဗိုက်တွေနာလာကာ နေမရထိုင်မရဖြစ်လာသည် ။ သုံးယောက်လုံးရဲ့တူညီသောအချက်တစ်ချက်ကတော့ စာမေးပွဲဖြေဆိုမည့်ညဆို စာရရမရရမအိပ်ပဲတစ်ညလုံးထိုင်ပြီး စာတွေကိုထပ်တလဲလဲလေ့ကျင့်နေခြင်းပင် ။

ခုလဲတစ်နေကုန်အိပ်နေလိုက်တာ ညနေ၄နာရီမှနိုးလာကြသည် ။  ညနေပိုင်းအိပ်လိုက်လို့ထင် နုံးနေပြီး ရေချိုးလိုက်မှလန်းဆန်းသွားသည် ။ ညနေစာကိုအနီးနားကဆိုင်တစ်ဆိုင်မှာပဲစားလိုက်ကာ စားသောက်ပြီးအိမ်ပြန်ရောက်တော့ စာကိုပဲအာရုံစိုက်လုပ်နေလိုက်ကြသည် ။

***

မနက်ဖြန်ဆိုမှဲ့ညိုလေးဆို့စာမေးပွဲဖြေရမှာကြောင့် စျာန်တို့မှဲ့ညိုလေးတို့ဆီမသွားတော့ပဲ တစ်မနက်လုံးအိမ်တွင်းအောင်းနေပြီး ညနေဘက်ကျမှအပြင်ထွက်လာလိုက်ကြသည် ။ ၅နာရီခွဲလောက်ပဲရှိသေးတာကြောင့် မြို့ထဲသွားပြီး ကမ်းနားဘေးမှာအချိန်ကုန်ဆုံးဖြစ်ကြသည် ။

" ပျင်းလိုက်တာကွာ ဒီညဘယ်သွားကြမလဲ "

ဝသုန့်အပြောကိုအာကာကဝင်ဖြေသည် ။

" ဘားသွားကြမလား "

" ဘယ်ဘားကိုသွားကြမလဲ "

" Lonkan "

" အင်း သွားကြတာပေါ့ "

စောသေးတာကြောင့်မြို့ထဲကိုလျှောက်ပတ်ပြီး ကမ်းနားဘေးခဏသွားထိုင်ကာ ၈နာရီခွဲလောက်ကျ မြို့ထဲကထွက်လာပြီး Lonkan ကိုသွားကြသည် ။ Lonkan ကိုရောက်တော့ ကားပါကင်ထိုးပြီး Bar ရှိတဲ့အထပ်ကိုတတ်လာခဲ့သည် ။

ထောင့်စွန်းဝိုင်းလေးမှာနေရာယူပြီး ထိုင်လိုက်ကြသည် ။ သူတို့ဝင်လာကတည်းကတည်းက ပျိုမဒီတွေရဲ့ မျက်ဝန်းအစုံကသူတို့သုံးယောက်ဆီမှာ ။ တချို့ဆို ဘေးမှာကောင်လေးကိုထားပြီးငေးကြည့်နေလိုက်တာ စိတ်ပျက်စရာကောင်းလွန်းသည် ။ 

ဝိတ်တာကောင်လေးကိုမှာစရာရှိတာမှာပြီး လာချပေးတော့ အေးဆေးပဲသောက်နေလိုက်သည် ။ ထိုစဥ် တစ်ဖက်ဝိုင်းကကောင်တစ်ကောင်ကလာပြီး စျာန့်ခေါင်းကိုအရက်ပုလင်းနဲ့လာရိုက်သည် ။ အမှတ်တမဲ့နဲ့မို့ ရှောင်တိမ်းလိုက်ချိန်တောင်မရပဲ ခေါင်းပူသွားပြီး ပူနွေးနွေးစေးကပ်ကပ်နဲ့သွေးတွေစီးကျလာသည် ။

{Edit}မြတ်နိုးခြင်းများအားဆောင်ကျဥ်းခဲ့ပါသော သူ၏... ( COMPLETED )Where stories live. Discover now