Epi 5

14.2K 1.1K 33
                                    

Guide သင်ဖို့ Confirm ဖြစ်ကြောင်း Sms ရရှိထားတာကြောင့် ပိုး ချက်ပြုတ်ပြီး ရေမိုးချိုးကာ မေမေ့ကိုနှုတ်ဆက်ဖို့ထွက်လာခဲ့လိုက်သည် ။

" မေမေသမီးသွားတော့မယ်နော် "

" အေးအေး သမီးလေး ထီးပါလား "

" ဟုတ် ပါတယ်မေမေ သမီးသွားတော့မယ် "

" အေး သမီးလေး "

မေမေ့ကိုနှုတ်ဆက်ပြီး ၁၅မိနစ်လောက်လမ်းလျှောက်လာတော့ ကားမှတ်တိုင်ကိုရောက်လာသည် ။ လက်ကနာရီကိုကြည့်လိုက်တော့ ၉ နာရီ ၅မိနစ် ။ ၃မှတ်တိုင်ပဲစီးရမည်ဖြစ်၍အဆင်ပြေလှသည် ။ အတန်းက၁၀ နာရီချိန်းထားတာမို့တော်သေးသည် ။ သိပ်မကြာ YBS တစ်စီးလာရပ်တာမို့လူရှင်းတာနဲ့ ပိုးကားပေါ်တတ်ပြီးနေရာယူလိုက်သည် ။ တစ်မှတ်တိုင်ပြီးတစ်မှတ်တိုင် လူဆင်း လူတတ်နဲ့ ပိုးဆင်းရမည့်မှတ်တိုင်ကိုရောက်လာခဲ့သည် ။ နေပူတာမို့ ထီးဖွင့်ဆောင်းကာ ဖုန်းထဲကလိပ်စာကိုလိုက်ရှာရသည် ။ ဆိတ်ငြိမ်ရပ်ကွက်ဖြစ်တာမို့ တစ်လမ်းလုံးတိတ်ဆိတ်နေပြီး ခွေးတစ်ကောင်မတွေ့ရပေ ။ တော်တော်ကြာအောင်လျှောက်ပြီး လိပ်စာကိုရှာတွေ့တော့ အိမ်ရှေ့ကလူခေါ် ဘဲလ်ကိုတီးလိုက်သည် ။ တအောင့်အကြာ ခြံစောင့်လို့ထင်ရတဲ့ ဦးလေးကြီးကတစ်ယောက်ကခြံတံခါးလာဖွင့်သည် ။

" ဘယ်သူနဲ့တွေ့ချင်လို့လဲကွဲ့ "

" ဒါ သူဌေးကြီးဦးမင်းထက်မာန်တို့အိမ်လားရှင့် ပိုးကဒီအိမ်ကကလေးကို Guide ပြပေးမယ့်သူပါ "

ထိုအခါမှ ဦးလေးကြီးဟာ ခြံတံခါးဖွင့်ပြီး ဝင်ဖို့ပြောသည် ။

" လာလာ သမီး အထဲမှာသူဌေးမကြီးရှိတယ် "

" ဟုတ်ကဲ့ဦးလေး "

ဦးလေးကြီးခေါ်တဲ့နောက်ကိုပိုးလိုက်လာခဲ့သည် ။ အိမ်ထဲရောက်တော့ ဧည့်ခန်းထဲအလှပန်းအိုးထိုးနေတဲ့ သူဌးမနှင့်ဆုံသည် ။ အလှပန်းအိုးထိုးနေချိန်မှာ တခြားကိုစိတ်အာရုံမရှိပဲ ပန်းထိုးတဲ့နေရာမှာပဲ အာရုံရောက်နေတဲ့သူဌေးမက ပိုးတို့ရောက်နေသည်ကိုလဲ သတိမထားမိ ။ ခြံစောင့်ဦးလေးကြီး ကအသံပေးလိုက်သည် ။

{Edit}မြတ်နိုးခြင်းများအားဆောင်ကျဥ်းခဲ့ပါသော သူ၏... ( COMPLETED )Where stories live. Discover now