Epi 17

9.4K 788 12
                                    


ဆိုင်တစ်ဆိုင်ရှေ့တွင်ကားရပ်လိုက်ပြီး စျာန်ကကားပေါ်ကဆင်းသွားကာ ဆိုင်ထဲဝင်သွားသည် ။ ဘာမပြောညာမပြောနဲ့ ဆိုင်ထဲမြောက်ကြွမြောက်ကြွ
နဲ့ဝင်သွားတဲ့စျာန့်ကိုအာကာရောဝသုန်ရောနားမလည်နိုင် ။ ခုနကထိမျက်နှာက မှုန်မှိုင်းနေပြီး ခုမှတတ်ကြွနေတဲ့စျာန့်ကိုကြည့်ကာ အာကာကဝသုန့်ကိုမေးလိုက်သည် ။.

" အဲ့ကောင်ဘာအရူးထပြန်ပြီလဲမသိဘူး "

" ငါလဲမသိဘူး သူလာတဲ့ထိစောင့်ကြည့်ရမှာပဲ "

ခဏနေတော့အိတ်တစ်လုံးအပြည့် ချောကလက်မျိုးစုံဝယ်ချလာတဲ့စျာန့်ကိုကြည့်ပြီး ဝသုန်ကအာကာ့ကိုမျက်ခုံးပင့်ပြသည် ။ ဒါ၂လပိုင်းမှမဟုတ်တာပဲကို ။

" ချောကလက်တွေအများကြီးဘာလုပ်မလို့လဲ "

ဝသုန့်အမေးကိုစျာန့်ကပြုံးရုံပြုံးနေသည် ။ ဒါကဝသုန့်ကိုပြုံးပြတာမဟုတ်ပဲ တစ်ယောက်ယောက်ရဲ့အကြောင်းကိုတွေးပြီးကြည်နူးပီတိဖြစ်နေတဲ့အပြုံးမျိုး ။

" ချော့မလို့ "

" ဘယ်သူ့ကိုချော့မလို့လဲ "

" မှဲ့ညိုလေးကိုချော့မလို့ "

" စိတ်ဆိုးမှချော့ရမှာလေ မင်းလည်းသူ့ကိုဘာမှမလုပ်ထားပဲကိုဘာလို့ချော့ရမှာလဲ "

" မနေ့ကသူ့သူငယ်ချင်းကိုမင်းတို့ပြောထားလို့ကွာ ရှင်းပြီလား "

စျာန့်အပြောကိုအာကာကဝင်မေးသည် ။

" အဲ့တာငါတို့ကိုဆိုးရမှာလေ မင်းနဲ့ဘာဆိုင်လို့လဲ "

" ငါကမင်းတို့သူငယ်ချင်းဖြစ်နေလို့လေ "

" အဲ့တာနဲ့ချောကလက်နဲ့ချော့မယ်ပေါ့ မုန့်ပေးတာနဲ့စိတ်ဆိုးပြေရအောင်ကလေးလဲမဟုတ် မင်းကိုတောင်အော်ထုတ်လိုက်အုံးမယ် "

" အဲ့တာတော့ ငါမပြောတော့ဘူး မင်းတို့ပဲစောင့်ကြည့် "

စျာန့်ရဲ့ယုံကြည်ချက်ရှိရှိအပြောကို ဝသုန်နဲ့အာကာကဘာမှမပြောတော့ပဲ ငြိမ်ပြီးသာလိုက်လာခဲ့သည် ။

မှဲ့ညိုလေးတို့အိမ်ရှေ့ရောက်တော့ မှဲ့ညိုလေးကိုထွက်လာဖို့ SMS တစ်ကြောင်းပို့လိုက်ပေမယ့် မလာဘူးဆိုတာကြောင့် အထုတ်ကိုတံခါးဘေးချကာ SMS တစ်စောင်ထပ်ပို့ပြီး ကားကိုသူတို့မမြင်နိုင်တဲ့အကွယ်တစ်နေရာမှာ
သွားရပ်ထားပြီး သစ်ပင်အကွယ်ကနေမှဲ့ညိုလေးထွက်အလာကိုစောင့်နေမိသည် ။ ခဏနေတော့ တံခါးဖွင့်ကာ ထွက်လာသူမှာ မျှော်နေသူမှဲ့ညိုလေးမဟုတ်ပဲ နီယံဖြစ်လေသည် ။ အပြင်ကိုဝေ့ဝဲကြည်ပြီး အထုတ်ယူကာ
တံခါးပြန်ပိတ်သွားတော့မှ သစ်ပင်အကွယ်ကနေထွက်လာပြီး မှဲ့ညိုလေးတို့အိမ်ကိုတစ်ချက်ကြည့်ကာ ကားရှိရာကိုထွက်လာခဲ့လိုက်သည် ။

{Edit}မြတ်နိုးခြင်းများအားဆောင်ကျဥ်းခဲ့ပါသော သူ၏... ( COMPLETED )Where stories live. Discover now