Epi 6

13.3K 1K 24
                                    

" နီယံရေ နီယံ "

မိရွှန်းရဲ့အသံစာစာကြောင့် နီယံ့အမေကအိမ်ရှေ့ထွက်လာသည် ။

" သမီးလာလေ သမီးသူငယ်ချင်းကရေအိမ်ဝင်နေတယ် လက်ထဲမှာလဲအထုတ်အပိုးတွေနဲ့ဘယ်ကပြန်လာတာလဲ "

မိရွှန်းအိမ်ထဲဝင်သွားပြီး ဧည့်ခန်းတွင်ထိုင်ကာ စားပွဲပေါ်အထုတ်တွေချလိုက်သည် ။

" ပုသိမ်ကအမျိုးတွေဆီသွားတာ မနေ့ကပြန်ရောက်တယ် အဲ့တာလက်ဆောင်လာပေးတာ ပြီးရင်နီယံ့ကိုခေါ်ပြီးပိုးအိမ်သွားမလို့ ဒီမှာအန်တီ ရွှေမြင်းပျံပုသိမ်ဟာလဝါနဲ့ ငါးခြောက်ငါးခြမ်းနည်းနည်းပါးပါး "

ပါလာသည့်၂ထုတ်ထဲမှတစ်ထုတ်ကို အန်တီမေ့ကိုပေးလိုက်သည် ။

" အများကြီးပဲသမီးရယ်အားနာစရာ "

" ရပါတယ်အန်တီမေရဲ့ ဒါတွေကအဒေါ်ကိုယ်တိုင်ဝယ်ထည့်ပေးလိုက်တာ "

" ကျေးဇူးတင်ပါတယ်ကွယ် "

အိမ်ရှေ့ထွက်လာတဲ့နီယံ့ကို မိရွှန်းကစလိုက်သည် ။

" နင်အိမ်သာထဲချီးဝင်စားနေတယ်ဆို ဝပြီလား "

မိရွှန်းရဲ့စကားအဆုံး နီယံ့ရဲ့ဆဲသံအစုံကထွက်လာတော့သည် ။

" ငမဲမဝက်ပုမ အဲ့ချီးကိုနင်ပဲစား "

" အမလေးလေးငါ့များငမဲမတဲ့ သူ့ကျဖြူတာကျလို့ ငါကဝက်မဟုတ်ဘူးဟဲ့ ပြည့်တာပြည့်တာ မသိရင်မှတ်ထား လဒရဲ့ "

" ပုသိမ်ကပြန်လာမှပိုမဲလာလိုက်တာ "

" အဲ့တာငါ့​သောက်ကြောင်း "

" အရိုင်းအစိုင်းမ "

" ဟုတ်ပါပြီ ကိုယဥ်ကျေးရယ် ပြောနေတာတွေရပ်ပြီး ပိုးဆီသွားမယ် လက်ဆောင်တွေသွားပို့မလို့ "

" နင့်ဟာနင်သွားပါလား "

မိရွှန်းနေရာကထသွားကာ နီယံ့ရဲ့လက်မောင်းကိုတွဲပြီး ချွဲချွဲနွဲ့နွဲ့ပြောသည် ။

" ချစ်သူငယ်ချင်းလေးကလည်း ဆိုင်ကယ်နဲ​
ဆိုရွှတ်ခနဲရောက်မှာလေ လိုက်ပို့နော် နော် နော် နော်လို့ "

" ရုပ်ကြမ်းကြီးနဲ့လာချွဲမနေနဲ့ ရွံစရာကြီး "

" လိုက်ပို့မယ်မလားဟင် "

{Edit}မြတ်နိုးခြင်းများအားဆောင်ကျဥ်းခဲ့ပါသော သူ၏... ( COMPLETED )Where stories live. Discover now