Epi 22

8.8K 689 33
                                    

စျာန်တို့ရန်ကုန်ပြန်ရောက်နေတာ အချိန်တစ်ပတ်လောက်ရှိပြီဖြစ်သည် ။ ၃ယောက်လုံးအပျော်အပါးလျှော့ကာ အိမ်ကိုပေးထားတဲ့ကတိအတိုင်း စာကိုသေချာလေးလုပ်ဖြစ်သည် ။ တစ်ပတ်ဆိုသောအချိန်အတွင်းမှာ စျာန့်ရဲ့သိသိသာသာတစ်မျိုး မသိမသာတစ်မျိုး အသားယူမှုတွေကြောင့် စိတ်ဆိုးလွယ်သော မှဲ့ညိုလေးကိုချော့ရသည်မှာ ၁၀ကြိမ်ထက်မနည်းတော့ပြီ ။ မှဲ့ညိုလေးကစိတ်ဆိုးလွယ်သလောက် ချော့ရန်လည်းမခဲယဥ်းလှပေ ။ မှဲ့ညိုလေးကိုချော့ဖို့ဆိုရင် ချောကလက်သာလိုပါသည် ။

စာဆိုရင်မြင်တာနဲ့ခေါင်းမူးတတ်တဲ့စျာန်က ခုတော့ စာနဲ့နပန်းလုံးနေရသည်မှာ စျာန်မဟုတ်တဲ့တစ်ခြားသူတစ်ယောက်လိုပါပဲ ။ မာမီနဲ့ဒယ်ဒီကတောင်အံ့သြနေကြသည် စျာန့်အပေါ်မှဲ့ညိုလေးရဲ့လွှမ်းမိုးမှုတွေကို သိရှိပြီးနောက် မှဲ့ညိုလေးကိုချီးကျူးမဆုံးရှိနေကြသည် ။

ဒီနေ့က တနင်္ဂနွေနေ့ဖြစ်တာကြောင့် မှဲ့ညိုလေးမလာပေ ။ အိမ်စာတွေကိုလဲအရင်ကထက်ပိုပေးလာတတ်သည် ။ မှဲ့ညိုလေးပေးခဲ့တဲ့ အိမ်စာတွေကိုလုပ်ပြီးချိန် နာရီကြည့်လိုက်တော့ နေ့လည်၁နာရီခွဲ ခါးကြောဆန့်ကာ အောက်ထပ်ဆင်းလာတော့ အိမ်ထဲအပ်ကျသံပင်မကြားရအောင်တိတ်ဆိတ်နေသည် ။ ထမင်းစားခန်းထဲဝင်ကာ ရေခဲသေတ္တာထဲကရေတစ်ဗူးနှင့် လမုန့်ဘူးယူလာကာ ထမင်းစားပွဲဝိုင်းတွင်ထိုင်စားနေတုန်း မှဲ့ညိုလေးကိုသတိရသည် ။ ဖုန်းထုတ်ကာ lock screen က မှဲ့ညိုလေးရဲ့အိပ်ပျော်နေပုံကိုကြည့်ပြီး စျာန်ပြုံးမိသည် ။

" ဘာတွေကြည့်ပြီးအဲ့လောက်ပြုံးနေတာလဲသားရဲ့ "

ထမင်းစားခန်းထဲဝင်လာတဲ့မာမီ့အသံကြားမှ စျာန်မာမီ့ကိုပြုံးပြလိုက်ကာ ဖုန်းပိတ်လိုက်သည် ။

" ဘာမှမဟုတ်ပါဘူးမာမီရာ ဒီလိုပဲ "

" ဒါနဲ့သားတို့အခြေနေကရောဘယ်ထိရောက်ပြီလဲ "

စျာန့်ရှေ့မှစားပွဲလွတ်မှာဝင်ထိုင်ကာ မေးလာသည့်မာမီ ။

" အစကတော့ လွန်းငယ်ကအရှက်ကြီးတော့ဖြည်းဖြည်းချင်းသွားမယ်စိတ်ကူးထားတာ စဥ်းစားကြည့်တော့ အဲ့လိုသာဆိုခရီးကမပေါက်ဘူး ဒီလိုနဲ့ ဗျူဟာပြောင်းသုံးလိုက်တာ တိုးတတ်လာတယ်ပြောရမယ် "

{Edit}မြတ်နိုးခြင်းများအားဆောင်ကျဥ်းခဲ့ပါသော သူ၏... ( COMPLETED )Where stories live. Discover now