Extra-1

14.3K 605 26
                                    

အချိန်တွေတရွေ့ရွေ့ကုန်ဆုံးလာသည်မှာ ဒီနေ့ဆို အာကာနှင့်ချစ်သူသက်တမ်း၆လ​ပြည့်ပြီဖြစ်သည် ။ မိဘတွေဆီမှ တရိုတသေဖြင့်ခွင့်ပြုချက်တောင်းခံကာ တရားဝင်တွဲခွင့်ရခဲ့သည် ။ ၆လအတွင်းမှာ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နှင့် သံယောဇဥ်တွေ တဆထက်တဆပိုတိုးလို့လာခဲ့သည် ။ ခဏခဏရန်ဖြစ်စကားများနေရတာတွေကို မိဘတွေသိပေမယ့် သူတို့နှစ်ယောက်ရဲ့ တစ်ယောက်အပေါ်တစ်ယောက် မည်မျှချစ်သလဲဆိုတာကိုသိနေတော့ ပြန်အဆင်ပြေသွားမှာပါပဲလေ ဆိုပြီး မည်သူတစ်ဦးတစ်ယောက်ကမှ ဝင်ပါခြင်းမရှိပေ ။

ဒီနေ့ဘုရားသွားမည်ဖြစ်၍ နီယံရေချိုးရင်း အာကာ့အကြောင်းတွေးနေမိသည် ။ ဒီကောင်လေးနဲ့တွဲလာသည့်တစ်လျှောက်မှာ သူ့ရဲ့တခြားသူမမြင်နိုင်သည့်တစ်ဖက်အခြမ်းကိုမြင်ခွင့်ရခဲ့သည် ။ စိတ်ဓာတ်သန်မာတယ်ထင်ရသည့် ကောင်လေးဟာ ကိုယ်နဲ့ရန်ဖြစ်တဲ့အခါ တခါတရံငိုနေတတ်ပြန်သည် ။ " မင်းမရှက်ဘူးလား ယောကျာ်းလေးဖြစ်ပြီး ဘာလို့ငိုတာလဲ " မေးရင်

" အကိုကပြတ်ပြီပြောရင်ကျွန်တော်အရမ်း​ကြောက်တာ အဲ့လိုချိန်ဆို ငိုချင်စိတ်ကဘယ်လိုမှတင်းခံထားလို့မရဘူး
ကျွန်တော်မှန်နေရင်တောင်တောင်းပန်မယ် "

ဆိုတဲ့ အာကာ့စကားကြောင့် ရန်ဖြစ်စကားများရင် အာကာ့ရဲ့အားနည်းချက်ဖြစ်သည့် ပြတ်ပြီဆိုသောစကားကို နီယံမသုံးတော့ ။ စိတ်အခန့်မသင့်လို့ ရန်ဖြစ်စကားများရပေမယ့် ကိုယ့်ရဲ့မဆင်မခြင် လက်လွတ်စပယ်အပြောကြောင့် ကိုယ်ချစ်ရသည့်သူစိတ်ပင်ပန်းနေမည်ကိုမလိုလားပေ ။

" ရေချိုးတာကြာလိုက်တာသားရယ် အာကာလာလို့မပြီးရင် ဘာမဟုတ်တာလေးနဲ့စကားများကြရဦးမယ် "

အခန်းရှေ့ကမေမေ့ရဲ့သတိပေးသံကြားမှ နီယံရေမြန်မြန်လောင်းကာ ဆပ်ပြာတိုက် ဂျေးတွန်းပြီး ရေချိုးခြင်းကိုရပ်ကာ အခန်းထဲမှထွက်လာခဲ့လိုက်သည် ။ ကိုယ့်အခန်းထဲဝက်လာပြီး သဘတ်ပိုင်းနှင့်ရေသုတ်ကာခေါင်းကိုရေခြောက်အောင်သုတ်လိုက်သည် ။

အမျိုးသားလိမ်း Cream တစ်မျိုး မျက်နှာထက်လိမ်းလိုက်ကာ မခြောက်တခြောက်ဖြစ်နေသည့် ဆံပင်ကိုဘီးနှင့်ပုံချလိုက်ပြီး ကုတင်ပေါ်တင်ထားသည့် ရှပ်လက်ရှည်မိုးပြာရောင်နှင့် ယောပုဆိုးအနက်ရောင်ကိုတွဲဖက်ဝတ်ဆင်လိုက်ကာ နာရီကိုလက်မှာဝတ်ဆင်ရင်း ပိုက်ဆံအိတ်နှင့်ဖုန်းယူကာ အိမ်ရှေ့ကိုထွက်လာခဲ့လိုက်သည် ။

{Edit}မြတ်နိုးခြင်းများအားဆောင်ကျဥ်းခဲ့ပါသော သူ၏... ( COMPLETED )Where stories live. Discover now