Thank You!!!

4.1K 194 5
                                    

30.1.2022 ကနေ ကိုယ်ပထမဆုံးရေးဖြစ်တဲ့ " မြတ်နိုးခြင်းများအားဆောင်ကျဥ်းခဲ့ပါသော သူ၏.... " လေးကို 29.3.2022မှာ ဇာတ်သိမ်းသွားခဲ့ပါပြီ ။

အရင်ဦးဆုံးကျေးဇူးတင်ချင်တာကတော့ ကိုယ့်ရဲ့မကောင်းမကန်းအရေးအသားလေးကို ယုံယုံကြည်ကြည်နဲ့ Ongoingလိုက်ပေးခဲ့ကြတဲ့ စာဖတ်သူတွေကိုကျေးဇူးတင်ပါတယ်ရှင့် ။ voteပေး ၊ commentရေးပေး ၊ Silent reader အနေနဲ့လာဖတ်ပေးကြတဲ့စာဖတ်သူအားလုံးကိုစိတ်ရင်းနဲ့ကျေးဇူးတင်ပါတယ်ရှင့် ။ နောက်မှလာဖတ်တဲ့ စာဖတ်သူတွေကိုလည်း ကြိုတင်ပြီးကျေးဇူးတင်ပါရစေ ။

နောက်ထပ်ကျေးဇူးတင်ချင်တာကတောင် မောင်လေး Pyae Sone Aung ကိုပါ အကောင့်မှာlinkချပေးတော့ လာဖတ်ပေးပြီး အမှားတွေထောက်ပြပေး ၊ ဒီနေရာလေးကဖတ်ရတာတမျိုးဖြစ်နေတယ် ဒီလိုလေးဆိုအဆင်ပြေတယ် ဆိုပြီး အကြံလာပေးတဲ့မောင်လေးကို ကျေးဇူးတင်ပါတယ်ရှင့် ။အမှားလေးတွေဝိုင်းပြပေးတဲ့ ကျူးငယ်ကိုကျေးဇူးတင်ပါတယ်ရှင် ။

ပြန်ဖတ်ကြည့်လိုက်တဲ့အချိန်မှာ လိုအပ်ချက်တွေအများကြီးတွေ့ရပါတယ် တဖြည်းဖြည်းချင်းပြင်သွားပါ့မယ်ရှင့် ။ ဇာတ်ကောင်လေးတွေကိုချစ်ပေးတာတွေတွေ့တော့ အရမ်းပျော်ရပါတယ် ။ Extra လေးနဲ့အတူပြန်လာဦးမှာမို့ မေ့မသွားပဲ စောင့်ဖတ်ပေးကြပါဦးရှင့် ။



MoLLy-HannaH







MoLLy-HannaH

{Edit}မြတ်နိုးခြင်းများအားဆောင်ကျဥ်းခဲ့ပါသော သူ၏... ( COMPLETED )Where stories live. Discover now