Epi 39

11.1K 573 40
                                    

အချိန်တွေတဖြည်းဖြည်းနှင့်ကုန်ဆုံးလာသည်မှာ မနက်ဖြန်ဆို စျာန်တို့အောင်စာရင်းထွက်တော့မည် ။ သူငယ်ချင်းသုံးယောက်စုကာ car show room ဖွင့်မည်ဟုတိုင်ပင်ထားကြပြီး ဒီကြားထဲဖြည်းဖြည်းချင်းကြိုးစားကြသည် ။ စျာန်ကဆောက်လုပ်ရေးပိုင်းမှာဝင်မပါတာကြောင့် အိမ်မှာပဲအေးဆေးနားကာ ချစ်ရသူအနားတောက်တဲ့လိုကပ်တွယ်နေ၏။ ဒီလိုဆိုလို့သူငယ်ချင်းတွေကလဲငြိုငြင်ခြင်းမရှိ ။ သူငယ်ချင်းရဲ့ ချစ်တတ်ပုံကိုဘေးကနေကြည့်ကာ ပိုးကိုပင်ဝိုင်းလို့အားကျနေကြသေးသည် ။

ညနေကျဝိုင်းဖွဲ့စားသောက်ကြရင်း အောင်စာရင်းစောင့်မည်ဖြစ်၍ ပိုးတို့အိမ်၌လူစုဖြစ်သွားသည် ။ အပြင်ကနေပဲတခါထဲမှာစားမှာဖြစ်တာကြောင့် ဘာမှထွေထွေထူးထူးပြင်ဆင်စရာမလိုပေ ။

မောင်ကပိုးကိုဘာအလုပ်မှပေးမလုပ်ပဲ အေးအေးဆေးဆေးသက်သောင့်သက်သာနေစေသည် ။ နှလုံးအားနည်းတာကိုသိရှိပြီးကတည်းမှ ဘာဆိုဘာမှမလုပ်ခိုင်းပဲ မောင်ကသာအကုန်လိုက်လုပ်ပေးတတ်သည် ။ တကယ်ဆို အဲ့လောက်ကြီးဆိုးဆိုးရွားရွားမှမဟုတ်ပဲ မောင်ကိုကပိုလွန်းပါသည် ။ ဒါကလဲအကြောင်းပြချက်သက်သက်သာ ပိုးအလုပ်တွေကိုမောင်ကိုယ်တိုင်လုပ်ပေးချင်တာပိုးအသိဆုံးပင်ဖြစ်သည် ။

ခုလဲပိုးကိုTVဖွင့်ပေးပြီး အဝတ်လျှော်စက်နှင့်အဝတ်လျှော်ဖွတ်ကာ ခြောက်သွေ့သွားသည့်အဝတ်တွေကို ဘေးမှာထိုင်မီးပူတိုက်နေသည့်မောင် ။ တကယ်ဆို ဒီအလုပ်တွေကပိုးလုပ်ရမည့်အလုပ်တွေသာဖြစ်ပေမယ့် မောင်ကချည်းလုပ်ပေးနေသည် ။

" မောင် "

မီးပူတိုက်နေရင်းမှ ချစ်ရသူ၏နှုတ်ခမ်းလေးဆူကာ စိတ်မကြည်မလင်ဖြစ်နေပုံကိုကြည့်ရင်း စျာန့်မှာအူယားလာကာ မီးပူတိုက်​နေတာတောင်ပင်ပန်းသည်ဟုမညည်းညူမိပေ ။
ကိုယ့်ချစ်ရသူ၏စိတ်နေစိတ်ထားကို သိနေသူပီပီ ခုလဲအားနာနေပြီဆိုတာ မပြောလဲ မျက်နှာအနေအထားကြည့်ရုံဖြင့်သိနိုင်လေသည် ။ ထို့ကြောင့် ချောကလက်နဲ့စကားလမ်းကြောင်းလွှဲရန်ကြိုးစားလိုက်သည် ။

" ဗျာ မောင့်ကလေးလေးချောကလက်ကုန်ပြီလား "

" ချောကလက်ကရှိသေးတယ် မောင်ကငယ်လုပ်ရမယ့်အလုပ်တွေအကုန်လုပ်နေတော့ ငယ်ကဘာလုပ်ရမှာလဲ "

{Edit}မြတ်နိုးခြင်းများအားဆောင်ကျဥ်းခဲ့ပါသော သူ၏... ( COMPLETED )Where stories live. Discover now