Epi 23

8.5K 697 42
                                    

" ဟဲ့ ညည်းတို့သိပြီးပြီလား ရုပ်ကလေးဗန်းပြပြီး ယောကျာ်းတွေကိုချူစားနေတဲ့ အခြောက်မအကြောင်းလေ "

သဇင်ပြောသောစကားကို သက်သက်ကဝင်ထောက်ခံလေသည် ။

" သိပါ့တော် သိပါ့ သူဂိုက်သွားသွားပြနေတဲ့သူဌေးသား Cele လေးရော ခုနောက်တစ်ယောက်ဖြစ်သွားပြန်ပြီ ခုတစ်ယောက်ကလည်းဟိုကောင်လေးလိုပဲ ငယ်ငယ်ချောချောဘောစိလေးဟေ့ "

" သူများတွေများနော် အားကျလိုက်တာ "

" အားမကျနဲ့ဟေ့ ဘယ်သူကမှအလကားမပေးဘူး ဆန်ပေးလို့ဆီရတာထုံးစံပဲ "

" ဒါပေမယ့်လည်းဟယ် ငါတို့လဲဘဲအထောက်အပံ့နဲ့ရှင်သန်ဖူးချင်တာပေါ့ "

" ဟား ဟား ဟား "

သဇင့်ရဲ့အပြောကို အင်ကြင်းနဲ့သက်သက်ကတဟားဟားနဲ့ရယ်တော့သည် ။

ဒေါ်ခင်သက်ထား ဟိုဘက်လမ်းကမမြတို့အိမ်တတ်အလှူကအပြန် လမ်းထိပ်ကအအေးဆိုင်မှာ မိမိရဲ့သားအကြောင်းကို ပါးစပ်အရသာခံကာပြောဆိုနေသော အင်ကြင်းတို့သုံးယောက်စကားကိုအမှတ်မထင်ကြားရကာ နောက်နားကနေ မတ်တပ်ရပ်နားထောင်နေလိုက်သည် ။ သူများအကြောင်းပြောဆိုနေကြသော အင်ကြင်းတို့ကတော့ နောက်ကရောက်နေသော ဒေါ်ခင်သက်ထားကိုသတိမထားမိ ။ အအေးဆိုင်ပိုင်ရှင် မိနန်းကမျက်နှာအပျက်ပျက်နှင့် အင်ကြင်းတို့သတိပေးဖို့လုပ်နေတာကြောင့် ဒေါ်ခင်သက်ထား မျက်နှာရိပ်ပြကာမပြောဖို့သတိပေးလိုက်သည် ။ သူတို့စကားဆုံးတော့ ဒေါ်ခင်သက်ထား သူတို့နားလျှောက်သွားကာ

" ကောင်မတွေ ညည်းတို့သိပ်ကိုအားယားနေတယ်ပေါ့ "

ဒေါ်ခင်သက်ထားအသံကြားတော့ သက်သက်နှင့်အင်ကြင်းမှာခန္ဓာကိုယ်လေးတုန်သွားသည် ။ ပွဲကကြီးတော့မည်ဆိုတာ မပြောလဲသိနေတာပင် ။ ဒေါ်ခင်သက်ထားဆိုတာ စကားပြောချိုသာပြီး အားလုံးနဲ့အဆင်ပြေပြေရှိကာ သူ့သားကိုထိရင် လုံးဝအထိမခံတဲ့သူမျိုး ။ သက်သက်နှင့်အင်ကြင်းကငြိမ်နေသလောက် သဇင်ကပြန်ပြောလိုက်သည် ။

" အားလို့ထိုင်နေတာပေါ့ "

"  ညည်းတို့ပြောနေတဲ့စကားတွေပြန်ပြောလိုက်စမ်း "

" အဒေါ်ကြားလိုက်တယ်မလား ဘာလို့လာထပ်မေးနေတာလဲ "

{Edit}မြတ်နိုးခြင်းများအားဆောင်ကျဥ်းခဲ့ပါသော သူ၏... ( COMPLETED )Where stories live. Discover now