Epi 21

9.3K 724 22
                                    

အာကာတို့ အကုန်လုံးအခန်းထဲပြန်ဝင်သွားကြပြီး ပိုးကစျာန့်ကိုပြောစရာရှိသည်ဆိုတာကြောင့် ကမ်းခြေတွင် နှစ်ယောက်ထဲကျန်ခဲ့လေသည် ။ အာကာတို့ထွက်သွားသည့်တိုင် ပိုးကဘာမှမပြောပဲ မျက်နှာမှာပကတိတည်ငြိမ်နေပြီး​ အဓိပ္ပါယ်ဖော်ဆောင်ရန်ခက်ခဲလှ၏။

မှဲ့ညိုလေးကဘာမှမပြောပဲတိတ်ဆိတ်နေတာကြောင့် စျာန်အလိုက်တသိငြိမ်ငြိမ်လေးနေလိုက်သည် ။

ပိုးရပ်လိုက်ပြီး စျာန်နဲ့မျက်နှာချင်းဆိုင်ရပ်လိုက်ကာ

" စျာန် "

ပိုးရဲ့တိုးလျသောလေသံလေးကြောင့် စျာန့်ပခုံးလောက်သာရှိသောပိုးကို စျာန်ငုံ့ကြည့်လိုက်သည် ။ ပိုး ဘာပြောလာမလဲဆိုတာကိုလည်း အရမ်းစိတ်ဝင်စားနေသည် ။

" ဟို ... ပိုးကို ဘာ ဘာလို့ချစ်တာလဲဟင် "

မှဲ့ညိုလေးရဲ့အထစ်ထစ်အငေါ့ငေါ့မေးခွန်း​ကြောင့် စျာန်ပြုံးမိသွားသည် ။

" ငယ်ဖြစ်နေလို့ကိုချစ်တာ "

" ပိုးဘာပဲဖြစ်နေဖြစ်နေချစ်မယ်ဆိုတဲ့သဘောလား "

" ဒါပေါ့ ဘာလို့လဲ ခုအဖြေပေးတော့မလို့လား "

" မဟုတ်ပါဘူး "

" ဒါဆို ဘာလို့ပြောစရာရှိတယ်ဆိုပြီးနေခဲ့တာလဲ "

" ဟို ပိုး စျာန့်ကိုအရေးကြီးကိစ္စပြောစရာရှိတယ် အရေးကြီးကိစ္စဆိုတာထက် ပိုးဘာဆိုတာကိုစျာန့်ကိုသိစေချင်တာပါ "

" ဟမ် မောင်နားမလည်ဘူးငယ် မောင့်ကိုသေချာရှင်းပြပေးလို့ရမလား "

" ပိုးကမိန်းကလေးတစ်ယောက်မဟုတ်ဘူးစျာန် မိန်းကလေးလိုနေထိုင်ပြောဆိုဝတ်စားရတာကိုနှစ်သက်တဲ့ယောကျာ်းလေးတစ်ယောက်ပါ တစ်နည်းအားဖြင့် မိန်းမလျာပေါ့ "

ခေါင်းငုံ့ကာ လက်နှစ်ဖက်ကိုပွတ်သပ်လျက် ဖွင့်ဟစကားဆိုလာသူမှဲ့ညိုလေးကို စျာန်အသဲယားလွန်း၍ ပါးစပ်ထဲသာငုံထားပစ်လိုက်ချင်သည် ။ 

ဘာမှပြန်မပြောပဲ တိတ်ဆိတ်နေသည့်စျာန်ကြောင့် ပိုးရင်တွေအဆမတန်ခုန်လာသည် ။
ကိုယ့်ကိုကိုယ်နောင်တရမိသည် ။ ဖွင့်ပြောလိုက်မိတာမှားသွားပြီဟု ကိုယ့်ကိုကိုယ့်အပြစ်တင်မိသည် ။
စျာန်ကလဲပိုးကိုထားခဲ့တော့မည်ထင်ပါရဲ့ ။ တုန်ယင်နေတဲ့လက်ကလေးတွေကို တစ်ဖက်လူမသိသာစေရန် လက်နှစ်ဖက်ကိုဆုတ်နယ်ပြီး စျာန့်ကိုမရဲတရဲလေးမောင့်ကြည့်မိတော့ မိမိကိုပြုံးလျက်ကြည့်နေတဲ့စျာန် ။ ဒီအပြုံးက ပိုးအတွက်ဝေခွဲရခက်စေသောအပြုံးမျိုး ။ သေချာတာကတော့ လှောင်ပြုံးမဟုတ်တာအမှန်ပင် ။

{Edit}မြတ်နိုးခြင်းများအားဆောင်ကျဥ်းခဲ့ပါသော သူ၏... ( COMPLETED )Where stories live. Discover now