Epi 3

16.7K 1.2K 34
                                    

တီ  (ဖုန်းမြည်သံ)

ဖုန်းမြည်သံကြောင့် စျာန်အိပ်ယာကနိုးလာခဲ့သည် ။ ကုတင်ဘေးကစားပွဲပေါ်မှာတင်ထားတဲ့ ဖုန်းကိုယူကြည့်လိုက်တော့ ခေါ်ဆိုသူမှာအာကာ ။ စျာန်လဲ ဖုန်းကိုင်လိုက်သည် ။

" ဟဲလို "

" $သံကခုထိမနိုးသေးဘူးလား "

" နိုးနေပြီကွ "

" ခုမှနိုးတာမဟုတ်လား "

" အဓိကကနိုးဖို့ပဲမဟုတ်ဘူးလားကွာ -ီးပဲ​သောက်ကြောကိုရှည်တယ် "

" ​သောက်ကြောပဲရှည်တာမဟုတ်ဘူး -ီးလဲရှည်တယ်ဖေ့သားလေးရ "

" မယုံဘူး ပြပြ "

" အေးကြည့်ရဲရင်ပြမယ် "

နှစ်ယောက်သား မိုးမလင်းသေးဘူးဆဲဆိုနေတာ လိုရင်းကိုမရောက်တော့ ။ စျာန်စိတ်မရှည်တော့တာနဲ့ လိုရင်းမေးရတော့သည် ။ မဟုတ်ရင် သူ့-ီးဘယ်လောက်ရှည်ကြောင်းပြောလို့ဆုံးမှာမဟုတ်တော့ဘူး ။

" ခွေးသတောင်းစားရေ လိုရင်းကိုပြောဟ မင်း-ီးဘယ်လောက်ရှည်လဲကြော်ငြာခိုင်းနေတာမဟုတ်ဘူး "

ထိုအခါမှ တစ်ဖက်ကအာကာကတဟားဟားအော်ရယ်ကာ

" အေး ၁၀ နာရီ မြန်မာပလာဇာမှာဆုံမယ် အဲ့တာမင်းလာခဲ့ "

" အိုခေ အိုခေ လာခဲ့မယ် "

တဖက်ကဖုန်းချသွားတော့ စျာန်နာရီကြည့်လိုက်သည် ။ ၈နာရီထိုးနေပြီမို့ ရေချိုးခန်းထဲဝင်ကာ ရေချိုးလိုက်သည် ။ အဝတ်အစားကတော့ဝတ်မြဲအတိုင်း all black ကိုဝတ်ဆင်ပြီး မျက်မှန်အမဲကောက်တပ်လိုက်သည် ။ အားလုံးပြီးသွားတော့ ၈နာရီ၄၅မိနစ် မနက်ပိုင်းဆိုကားလမ်းတွေကြပ်တာမို့ ခုထဲကထွက်ဖို့ပြင်လိုက်သည် ။ ကားသော့ယူကာ အောက်ထပ်ဆင်းလာတော့ ဧည့်ခန်းထဲမှာအလှပန်းအိုးဆင်နေတဲ့မာမီနဲ့ဆုံသည် ။

" သားအပြင်သွားမလို့လား မနက်စာစားသွားလေ ဒေါ်မြကိုပြင်ခိုင်းလိုက်မယ် "

" မစားတော့ဘူးမာမီ ဝသုန်တို့နဲ့ချိန်းထားလို့သွားတော့မယ် ဒီချိန်ဆိုကားတွေကကြပ်တယ် ။

" ဟုတ်ပါပြီ ဂရုစိုက်သွားဦး "

" ဟုတ်မာမီ "

{Edit}မြတ်နိုးခြင်းများအားဆောင်ကျဥ်းခဲ့ပါသော သူ၏... ( COMPLETED )Where stories live. Discover now