Epi 4

14.9K 1.1K 47
                                    


ဒီနေ့ပိုးစျေးကိုတောင်တစ်ပတ်ပြည့်အောင်မပတ်နိုင် ။ လိုချင်တာလေးဝယ်ပြီး အိမ်သို့ပြန်လာခဲ့လိုက်သည် ။ နှလုံးအားနည်းတာကြာင့် နည်းနည်းမှအမောမခံနိုင် ။ ဒီနေ့တော့ ဆိုက်ကားစီးပြီးပြန်ဖို့သာဆုံးဖြတ်လိုက်သည် ။ ထိုစဥ် မနက်စောစောစီးစီး အရက်မူးသမား၂ယောက်မှ ရိသဲ့သဲ့လာလုပ်လေတော့ နဂိုတည်းက နေလို့မကောင်းချင်တဲ့သူက ပိုလို့ပင်နေရဆိုးလာသည် ။

" ညီမလေး တစ်ယောက်ထဲလား "

စကားအများကြီးမပြောချင်တာမို့ မနှောက်ယှက်ဖို့သာပြောလိုက်သည် ။ အားမရှိတာကြောင့် အသံကသာမန်ထက်ဖျော့တော့နေပြီး နဖူးပြင်ထက် ချွေးတွေသီးနေသည် ။ နဂိုကတည်းက ရပ်ကွက်ထဲကလူတွေဟာ ပိုးလိုမိန်းမလျာတစ်ယောက်ကို အထင်သေးရှုံ့ချချင်ကြသည် ။ အချို့သောယောကျာ်းသားတွေဆို ပိုးရဲ့ဖြစ်တည်မှုကိုလှောင်ပြောင်သရော်ကာ မထိတထိ စ တတ်ကြ​သေးသည် ။ ဒီလိုကိစ္စမျိုးကို ပိုးမကြာခဏကြုံတွေ့ရသောအခြေနေမျိုးဖြစ်သည် ။

" ကိုယ့်လမ်းကိုယ်သွားပါရှင် ကျွန်မကိုမနှောင့်ယှက်ပါနဲ့ "

" ညီမလေးနေမ​ကောင်းဘူးလား မှန်းစမ်း "

နှဖူးပေါ်ကျရောက်လာတော့မည့် လက်ကိုတောင် ရှောင်တိမ်းဖို့ပိုးမှာအားအင်ရှိမနေပါ ။ ထိုစဥ်

" ငါ-ိုးမသားတွေ ခွပ် ခွပ် "

ဆဲသံနှင့်အတူအပြေးဝင်လာသောလက်သီးချက်တွေ ။ ဒီအသံကို ပိုးကောင်းကောင်းသိတာမို့ သူတို့နဲ့အဝေးမှာ ရပ်စောင့်နေလိုက်သည် ။

နီယံ့ရဲ့လက်သီးချက်များအောက်မှာ ထိုအရက်သမားနှစ်ယောက်ဟာအလဲလဲအကွဲကွဲ ။ တစ်ယောက်ကတော့ နီယံ့ရဲ့လက်စလက်နကိုသိနေသူမို့ပြေးထွက်သွားတော့သည် ။ နီယံ့အောက်ရောက်နေတဲ့သူမှာလဲ အောက်ကနေတောင်းပန်နေတော့သည် ။

" ငါ-ိုးမသားတွေနောက်တစ်ခါပိုးကိုနှောင့်ယှက်အုံးမလား "

တခါမေးတချက်ထိုးနဲ့အောက်ကလူမှာရစရာမရှိတော့ ။

" တော်ပါတော့ ကြောက်ပါပြီ နောက်တတစ်ခါဆိုတာထပ်မရှိစေရတော့ပါဘူး "

{Edit}မြတ်နိုးခြင်းများအားဆောင်ကျဥ်းခဲ့ပါသော သူ၏... ( COMPLETED )Where stories live. Discover now