Epi 32

8.3K 620 47
                                    

သင်္ကြန်နီးလာပြီဖြစ်တာကြောင့် နေရာတိုင်းလိုလိုမှာ သင်္ကြန်သီချင်းသံတွေလမ်းထဲဆူဆူညံညံ ။ ရွှေဝါရောင်ပိတောက်ဖူးပွင့်လေးများကမြိုင်မြိုင်ဆိုင်ဖူးပွင့်နေကြ၏။
စျာန့်ရဲ့ကောင်းမှုကြောင့် အာကာတို့မှာ သင်္ကြန်အတွက်အစီအစဥ်မဆွဲအားသေး ။ သူ့ကိုပဲကူညီပေးနေရသည် ။ ခုလိုအစစအရာရာ အကုန်လိုက်ကူညီပေးနေသည့် သူငယ်ချင်းတွေကိုလဲ ကျေးဇူးတင်မိသည် ။

မနက်ဖြန်ငယ့်မွေးနေ့အတွက်ကို မနက်မိုးလင်းကတည်းကအစီအစဥ်တောက်လျှောက်ဆွဲနေရပြီး လုပ်စရာတွေကများလွန်းတာကြောင့် ရက်အကြာကြီးကြိုတင်ပြင်ဆင်ထားတာတောင် အလုပ်တွေကမပြီးပြတ်နိုင်ပဲရှိနေသေးသည် ။

စျာန်အခန်းထဲဖုန်းတစ်လုံးနှင့်အလုပ်ရှုပ်နေတုန်း အခန်းရှေ့မှတံခါးခေါက်သံကြောင့် တံခါးသွားဖွင့်ပေးလိုက်တော့ အခန်းရှေ့ရပ်နေသူမှာ မာမီ ။ မာမီ့ကိုအခန်းထဲခေါ်ကာ ခုံမှာထိုင်ခိုင်းပြီး လာရင်းကိစ္စမေးလိုက်သည် ။

" မာမီဒီနှစ်တရားစခန်းမဝင်ဘူးမလား "

" ဟုတ်တယ်သားရေ မာမီကျန်းမာရေးမကောင်းလို့ ဒီနှစ်တော့တရားစခန်းတောင်မဝင်နိုင်တော့ဘူးကွယ် "

" ဟုတ်မာမီ "

" မနက်ဖြန်ပိုးမွေးနေ့မလား ငါ့သားလဲနော်အလုပ်တွေရှုပ်နေလိုက်တာ မျက်နှာလေးတွေ့ရဖို့တောင်မလွယ်ဘူး မနက်ဖြန်ဘာအစီအစဥ်ရှိလဲ မာမီ့ကိုလဲပြောပါအုံး "

" အရင်ဆုံးမိဘမဲ့ဂေဟာမှာအလှူလုပ်မယ် ဆိုင်တစ်ဆိုင်မှာတစ်နေ့တာBookingကြိုယူထားပြီးပြီ အဲ့မှာမွေးနေ့ပွဲကျင်းပပြီး တခါထဲလက်ထပ်ခွင့်တောင်းမလားလို့ "

" အင်း ကောင်းပါတယ် ငါ့သားလေးတော်တော်ပြောင်းလဲသွားတာပဲ အချစ်ရဲ့စွမ်းအားပေါ့ အဟား "

ဟာသလေးနှောကာပြောပြီး ရယ်​နေတဲ့မာမီနှင့်အတူ စျာန်ပါ​ရောယောင်လိုက်ကာရယ်​မောလိုက်သည် ။

မာမီမှစျာန့်ပုခုံးကိုသုံးချက်ပုတ်ကာ အားပေးစကားပြောပြီးအခန်းထဲမှထွက်သွားသည်အထိ စျာန်နေရာမှာထိုင်နေမိသည် ။ အိပ်ယာနိုးကတည်းက စိတ်ထဲလေးလံနေတာ​ကြောင့် စိတ်အပြောင်းအလဲလေးဖြစ်သွားအောင် အာရုံပြောင်းသည့်အနေဖြင့် အလုပ်တွေကိုဖိလုပ်နေပေမယ့် စိတ်ထဲလေးလံမှုကလျှော့မသွား ။ အယူမသီးတတ်ပေမယ့် ဒီလိုဖြစ်တာပထမဆုံးအကြိမ်မှာပင် တစ်ခုခုကိုလက်လွှတ်ဆုံးရှုံးလိုက်ရတော့မည့်ခံစားချက်က လူကိုမွန်းကြပ်စေသည် ။

{Edit}မြတ်နိုးခြင်းများအားဆောင်ကျဥ်းခဲ့ပါသော သူ၏... ( COMPLETED )Tempat cerita menjadi hidup. Temukan sekarang