Epi 14

9.8K 845 17
                                    

ကျူရှင်ရှေ့ကနေထွက်လာပြီး ဘယ်သွားလို့သွားရမှန်းမသိတာကြောင့် ကြိုးတံတားအသစ်ဆီသို့ထွက်လာခဲ့ကြသည် ။ တံတားပေါ်မှာဓာတ်ပုံရိုက်ပြီး စျာန်က facebook မှာ တင်လိုက်သည် ။ ကြိုးတံတားကပြန်လာတော့ မိန်းထဲကိုမောင်းဝင်လာခဲ့ကာ ဆိုင်နေရာရွေးပြီး နောက်ဆုံးမှာတော့ ' ရွှေလာ ' ဆိုင်ရှေ့မှာကားရပ်လိုက်ပြီး အောက်ဆင်းလာတော့ ဆိုင်ထဲကကောင်မလေးတွေရဲ့အကြည့်ကစျာန်တို့ဆီမှာ ။ 3ယောက်စလုံးကအရပ်အမောင်းရှည်လျားပြီး ခန့်ညားသောဘော်ဒီ သန့်ပြန့်ချောမောသောရုပ်ရည်ရူပကာတို့ကြောင့် လူအများကြားထင်းထွက်နေကာ idol လိုလိုဘာလိုလိုနဲ့အကြည့်မလွှဲချင်စရာကောင်းလှသည် ။

" အိုး ချောလိုက်တာဟယ် ငါ့ကောင်လေးသာဖြစ်လိုက်ပါတော့ "

" အရပ်ကြီးတွေကအရှည်ကြီးတွေပဲ ၃ယောက်ထဲကတစ်ယောက်ယောက်နဲ့ငြိရရင်ကျေနပ်ပါပြီ "

" ဟဲ့ အဲ့သုံးယောက်စလုံးက facebook က cele တွေမလား ဟိုဆံပင်ရှည်ခဲစိမ်းရောင်ဆိုးထားတဲ့တစ်ယောက်က ကားမောင်ပြိုင်ပွဲတွေဆိုရင် Live လွှင့်တယ်လေ "

" အာ သိပြီသိပြီ ဒါကြောင့်ငါမြင်ဖူးသလိုလိုရှိနေတာကိုး ဒါနဲ့သူကဟိုတနေ့ကတောင် စာတင်ထားသေးတယ်နော် ဘာပါလိမ့် အချစ်ရှိရာမြို့ဆီသို့လို့တင်ထားတယ်လေ ခုပုသိမ်ရောက်လာတယ် မဟုတ်မှ သူ့ကောင်မလေးကဒီပုသိမ်ကပဲထင်တယ် "

" ဟုတ်တယ် ဟုတ်တယ် ငါမှတ်မိပြီ အဲ့တုန်းကငါ့မှာနှမြောလိုက်တာဆိုတာဟယ် "

ဘေးဝိုင်းကကောင်မလေးတွေရဲ့ပြောစကားကို အာရုံစိုက်ပြီးနားထောင်စရာမလိုပဲ နားထဲအတိုင်းသားကြားနေရသည် ။ ဒီလိုချိန်ဆို သုံးယောက်လုံးကကောင်မလေးငမ်းခြင်းဘာညာမရှိ ကိုယ့်အထာနဲ့ကိုယ်ခပ်တည်တည်နဲ့ ကိုယ်စီဖုန်းသုံးနေကြသည် ။ Club တတ်တဲ့အချိန်မှသာဝသုန်ကကောင်မလေးငမ်းခြင်းဖြစ်သည် ။ ဒီလိုခပ်ချေချေပုံစံမျိုးကလဲ ဆွဲဆောင်မှုတမျိုးပဲမလား ။

ထိုစဥ် အာကာကချောကလက်အကြောင်းခေါင်းထဲရောက်လာကာ စျာန့်ကိုမေးလိုက်သည် ။

" စျာန် ဟိုချောကလက် အာ မဟုတ်ဘူး ​မင်း
ရဲ့မှဲ့ညိုလေးရဲ့သူငယ်ချင်းလေ "

{Edit}မြတ်နိုးခြင်းများအားဆောင်ကျဥ်းခဲ့ပါသော သူ၏... ( COMPLETED )Where stories live. Discover now