Epi 13

9.9K 843 10
                                    

" ဟူးးး ပင်ပန်းလိုက်တာကွာ တရေးလောက်အိပ်အုံးမယ် "

အထုတ်တွေချပြီးကုတင်ပေါ်တန်းလှဲချသွားတဲ့ဝသုန့်ဘေးမှာ အာကာပါဝင်လှဲလိုက်သည် ။ တစ်လမ်းလုံးအာကာတစ်ယောက်ပဲမောင်းလာတာကြောင့် အနားယူချင်ပြီဖြစ်သည် ။ ဝသုန်နဲ့အာကာကတစ်ခန်းနေကာ စျာန်ကတစ်ခန်းနေသည် ။

" အေးကွာ ၄နာရီပဲမောင်းရလို့သာပဲ ဟိုသတောင်းစားကလည်းမမောင်းဘူး "

" ငါအိပ်ပြီ လာမနှိုးနဲ့တော့ "

" ငါလဲအိပ်ပြီ "

............

စျာန် luggageကိုနေရာချပြီး လန်းသွားအောင်ရေချိုးခန်းဝင်ကာ ရေချိုးလိုက်ပြီး အဝတ်အစားလဲကာ အာကာတို့အခန်းတံခါးရှေ့ တံခါးခေါက်တော့ဘယ်သူမှလာမဖွင့်တာကြောင့် ကိုယ့်ဟာကိုယ်ဖွင့်ဝင်လာခဲ့လိုက်သည် ။ စျာန်အခန်းထဲဝင်လာတော့ အိပ်ယာပေါ်မှာနှစ်ယောက်သားအိပ်နေလိုက်တာ ဖင်ထဲကြွက်ဝင်ရင်တောင်သိမှာမဟုတ် ။

" ဟေ့ကောင်တွေအိပ်မနေနဲ့ထကြတော့ကွာ အပြင်သွားမယ် "

ထပ်ကာထပ်ကာခေါ်ပြီးလှုပ်နှိုးနေပေမယ့် နိုးမလာသောဝသုန်နဲ့အာကာကြောင့် စိတ်ပေါက်ပေါက်နဲ့စျာန်ကုတင်ပေါ်ဝင်ထိုင်ကာ ဘယ်လိုနှိုးရမလဲအကြံထုတ်နေမိသည် ။ ထိုစဥ် အကြံတစ်ခုရသွားကာ မျက်နှာထက်ပြုံးသွားပြီး အခန်းပြင်ပြန်ထွက်ကာ မီးဖိုချောင်ဝင်သွားပြီး ဇလုံနှစ်လုံးယူကာ အခန်းထဲပြန်ဝင်သွားပြီး နှစ်ယောက်ရဲ့အလယ်ကိုဝင်နေရာယူကာ ဇလုံနှစ်လုံးကိုအားပါပါနဲ့တီးတော့သည် ။

" ဒန် ဒန် ဒန် "

ဝသုန်ကနားပိတ်ကာဆက်အိပ်နေပေမယ့် အာကာကတော့ဆက်အိပ်လို့မရတော့တာကြောင့် အိပ်မှုန်စုန်ဖွားနဲ့ထလာကာ စျာန့်ကိုဆဲတော့သည် ။

" သတောင်းစားရယ် Leeဖြစ်နေတာလား ကောင်းကောင်းကိုမအိပ်ရဘူး "

" မင်းတို့မအိပ်ဖူးဘူးလား ငါတောင်ရေချိုးပြီးပြီ အပြင်သွားမယ်ရေသွားချိုးကြ "

" မသွားချင်ဘူးကွာ မနက်ဖြန်မှသွားမယ် မနေ့ကလဲအိပ်ရေးပျက်ထားတာ လူကနုံးနေပြီ "

{Edit}မြတ်နိုးခြင်းများအားဆောင်ကျဥ်းခဲ့ပါသော သူ၏... ( COMPLETED )Where stories live. Discover now