Epi 26

8.3K 667 7
                                    

ဆိုင်ရောက်တော့ ကားပါကင်မှာသေချာနေရာယူကာ မှဲ့ညိုလေးလက်ကိုတွဲပြီး စျာန်ဆိုင်ထဲလျှောက်သွားလိုက်သည် ။ စားပွဲလွတ်တစ်လုံးတွင်နေရာယူကာ ဆိုင်ရောက်ရင်အမြဲတမ်းစားပွဲခုံသုတ်တတ်သညွ မှဲ့ညိုလေးရဲ့ရှေ့ကို တစ်ရှူးဖြင့်ပွတ်သုတ်သန့်ရှင်းရေးလုပ်ပြီး ရေခဲရည်မကြိုက်တတ်သည့် မှဲ့ညိုလေးအတွက် ရေသန့်တစ်ဗူးမှာကာ စားပွဲထိုးလေးလာချပေးသောဖန်ခွက်ကိုတစ်ရှူးနှင့်သုတ်ပြီး ဖန်ခွက်ထဲရေဖြည့်ကာ မှဲ့ညိုလေးကိုဖန်ခွက်ကမ်းပေးလိုက်သည် ။

စျာန့်ရဲ့လုပ်ပုံကိုင်ပုံအဆင့်ဆင့်ကိုကြည့်ကာ မှင်သက်ရသူမှာ နီယံနှင့်ရွှန်းသာ ။ ထက်မြတ်ဆိုသောကောင်လေးကိုလှမ်း စျာန့်ကိုပေါက်ထွက်မတတ်ကြည့်နေသောအကြည့်စူးစူးကြောင့် မဆီမဆိုင်ရွှန်းတောင်လန့်မိသွားသည် ။

" တစ်သတ်လုံးပေါ်ကြော့နေလာတဲ့ကောင်က ခုမှအပိုတွေလုပ်ပြနေတယ် "

ထက်မြတ်ရဲ့စကားကြောင့် စျာန်စိတ်ထဲဒေါသအနည်းငယ်ဖြစ်သွားပေမယ့် အပြင်ပန်းမှာတော့ အပြုံးတစ်ခုကိုပန်ဆင်ကာ ထက်မြတ်နှင့်မျက်လုံးချင်းဆုံ၍ပြန်ပြောလိုက်သည် ။

" မင်းအမြင်မှာအပိုတွေလုပ်တယ်ထင်နေပေမယ့် ဒါကငါလုပ်နေကျအလုပ်တွေပဲ မင်းတို့ရှေ့မို့တမင်လုပ်ပြနေတာလဲမဟုတ်ဘူး "

" မိန်းမချောတောင်အဖြေပြန်မပေးရသေးဘူး မင်းစကားနဲ့အသားယူနေတာတွေခုလိုအပိုလုပ်ပြနေတာတွေကဘာသဘောလဲ "

" ငါ့ဘက်ကငယ့်ကိုချစ်ကြောင်းဖွင့်ဟဝန်ခံပြီးသား ငယ်ပြန်ချစ်လာအောင်ငါ့ဘက်ကကြိုးစားနေမှာပဲ "

" ဒါဆို ငါ့ဘက်က​​ရောကြိုးစားပိုင်ခွင့်ရှိတယ်မလား "

" ရတာပေါ့ ဒါပေမယ့်ငါဒီလိုလုပ်လို့မင်းလိုက်လုပ်တိုင်းငယ်ကလက်ခံချင်မှလက်ခံလိမ့်မယ် ဘာလို့ဆို ငါကငါ မင်းကမင်းပဲ မင်းကဘယ်တော့မှငါဖြစ်လာမှာမဟုတ်ဘူး "

စျာန်ဇွဲရဲ့စကားကြောင့် ထက်မြတ်မျက်နှာ ကွက်ခနဲပျက်သွားပေမယ့် ပြန်ပြင်ထိန်းလိုက်ကာ ဟန်ဆောင်ပြုံးလိုက်ပြီး

{Edit}မြတ်နိုးခြင်းများအားဆောင်ကျဥ်းခဲ့ပါသော သူ၏... ( COMPLETED )Where stories live. Discover now