Epi 9

10.6K 900 3
                                    

ပိုး ဒီနေ့အရမ်းစိတ်ဆိုးပါသည် ။ တစ်နေ့စာတစ်နေ့နည်းနည်းအိမ်စာပေးတာလေးတောင်လိုက်မလုပ်ပဲ ဂိမ်းဆော့နေလို့ ပိုးပေးခဲ့တဲ့အိမ်စာလုပ်ဖို့မေ့နေခဲ့သည်တဲ့လေ ။ စာသင်နေရင်လဲအာရုံမစိုက် အိမ်စာပေးရင်လဲလိုက်မလုပ် ။ တစ်လတစ်လပေးထားတဲ့လစာကမနည်း ဒီလောက်များတဲ့ပမာဏပေးထားပြီး စာမေးပွဲကျရင် မိဘတွေကပိုးကိုပဲအပြစ်မြင်လာနိုင်သည်မလား ။

ညကဟိုနှစ်ကောင်နဲ့ဂိမ်းတိုက်နေတာနဲ့ မှဲ့ညိုလေးပေးခဲ့တဲ့အိမ်စာတွေကိုလဲသတိမရ ။ မနက်၂နာရီလောက်မှဂိမ်းဆော့လို့ပြီးသည် ။ မနက်ကျတော့လည်း ၉နာရီလောက်မှအိပ်ယာနိုးတာကြောင့် အိမ်စာလုပ်ဖို့ကိုလုံးဝမေ့နေခဲ့ခြင်း ဖြစ်သည် ။ ရောက်ကတည်းက အိမ်စာမလုပ်ထားလို့ဆိုပြီး စိတ်ဆိုးနေတဲ့မှဲ့ညိုလေးက ခုထိလဲစာမသင်ပဲ မလုပ်ရသေးတဲ့အိမ်စာကိုပဲ ပြီးအောင်လုပ်ခိုင်းထားသည် ။
စိတ်ဆိုးနေချိန် ချောကလက်ကျွေးရင်စိတ်ဆိုးပြေတယ်ဆိုတာကိုသတိရသွားကာ စျာန်အောက်ထပ်ကိုဆင်းလာခဲ့ပြီး ရေခဲသေတ္တာထဲကချောကလက်နှစ်ခုယူကာ အခန်းထဲဝင်လာခဲ့သည် ။ သူ့ကိုလုံးဝမကြည့်ပဲ စာအုပ်ကိုပဲကြည့်နေတဲ့မှဲ့ညိုလေးကို ချောကလက်နှစ်ခုကမ်းပေးလိုက်သောအခါ မျက်လုံးလေးအရောင်လက်သွားကာသွားတာကို စျာန်မြင်တော့ပြုံးမိလိုက်သေးသည် ။

' အဟက် တကယ့်ကလေးလေးအတိုင်းပဲ '

မှဲ့ညိုလေးကချောကလက်စာတုန်း စျာန်ကမနေ့ကမေးထားတဲ့အိမ်စာကို အမြန်တွက်လိုက်သည် ။ အိမ်စာအားလုံးတွက်ပြီးသွားတော့ လက်ဆစ်ချိုးကာ ခါးကြောဆန့်လိုက်သည် ။ ပြီးမှ မှဲ့ညိုလေးထံစာအုပ်ကမ်းပေးလိုက်သည် ။

" ပြီးပြီလား "

အသံအနေအထားက ရာသီဥတုမသာယာဟန်ဖြစ်ပေါ်နေတာကြောင့် စျာန်အပိုးကျိုးနေသည် ။

" ဟုတ် ပြီးပြီ "

ဘာမှမပြောတာ့ပဲ စာအုပ်ကိုယူကာ သေချာစစ်ကြည့်နေသော မှဲ့ညိုလေးကို စျာန်ထိုင်ငမ်းနေလိုက်သည် ။ စာစစ်ပြီး အဖုံးပိတ်ကာ ပြောလာသောမှဲ့ညိုစကားကြောင့် စျာန်မျက်မှောင်ကုတ်မိသည် ။

{Edit}မြတ်နိုးခြင်းများအားဆောင်ကျဥ်းခဲ့ပါသော သူ၏... ( COMPLETED )Where stories live. Discover now