Epi 8

11.2K 956 8
                                    

မနက်ကတည်းကရွာနေတဲ့မိုးဟာ ခုချိန်ထိအရှိန်မပြယ်သေး ။ ပိုး guide သွားပြဖို့ပြင်ဆင်ပြီး အိမ်ရှေ့ဧည့်ခန်းမှာထိုင်ရင်း မိုးအေးအေးနဲ့အိပ်ချင်သလိုလိုရှိလာသည် ။ မိုးကလည်း သည်းကြီးမည်းကြီးရွာသွန်းနေတာကြောင့် ဒီနေ့တစ်ရက်တော့ မသွားတော့ပဲ ခွင့်တစ်ရက်ယူမည်ဆိုတဲ့အကြောင်း ဖုန်းဆက်ဖို့ဖုန်းအထုတ် အိမ်ပေါက်ဝမှာလာရပ်တဲ့အရိပ်တစ်ခု ။ သူကတော့စျာန်ဇွဲထက်မာန်ပါပဲ ။ အိမ်လဲမပြောပြထားပါပဲ ဘယ်ကဘယ်လိုအိမ်ကိုသိပြီး ရောက်ချလာသည်မသိ ။ လမ်းထဲကလူတွေရဲ့ ပြောစရာဖြစ်ကုန်တော့မည် ။ ပိုး စိတ်ဆိုးပါသည် ဘယ်သူ့ရဲ့အပြောအဆိုကိုမှမခံချင်လို့ ယောကျာ်းတွေနဲ့ကင်းကင်းရှင်းရှင်းနေသည် ၊ လိုတာထက်ပိုမရောပေ ။ ဒါပေမယ့် မိုးရွာထဲ အိမ်အထိလာခေါ်တဲ့စျာန့်ကို မလိုလားတဲ့ပုံစံမျိုးနဲ့မကြိုဆိုချင်တာကြောင့် ပျက်ယွင်းသွားတဲ့ပိုးရဲ့မျက်နှာကို ပြန်ပြင်လိုက်ကာအိမ်ထဲကိုခေါ်လိုက်သည် ။ ခေါ်လိုက်တော့လဲ ထီးပိတ်ကာ ဧည့်ခန်းထဲကျကျနနဝင်ထိုင်တဲ့စျာန် ။ ပိုက်ဆံအများကြီးပေးထားရတယ်ဆိုတိုင်း ခွင့်ယူမည်စိုး၍ အိမ်တိုင်ရာရောက်လာခေါ်ခြင်းဖြစ်သည်ဟု ပိုးစိတ်ထဲထင်လိုက်သည် ။ ပိုး သိချင်တာကိုအရင်မေးလိုက်သည် ။

" အိမ်ကဘယ်ကဘယ်လိုသိသွားရတာလဲ "

ပိုးရဲ့အမေးကိုစျာန်က ကိုယ့်ကိုကိုဂုဏ်ယူသလိုခါးမတ်ကာ ပြုံးရင်းဆိုသည် ။

" စျာန်ဇွဲထက်မာန်ပါဗျ ဒီလောက်ကအေးဆေး "

ပိုး စိတ်ဆိုးနေတာကြောင့် စကားလဲအကောင်းမပြောချင် ပြောချင်တာကိုပွင့်ပွင့်လင်းလင်းသာပြောလိုက်သည် ။

" အိမ်မသိစေချင်လို့တောင် လမ်းထိပ်ကနေပဲအမြဲလမ်းဆင်းလျှောက်နေတာ ၊ သူများမသိစေချင်တာကို ခုလိုနောက်ကလိုက်စုံစမ်းနေတာရိုင်းရာကျတယ်မထင်ဘူးလား "

ပိုးရဲ့အပြောကိုစျာန်ကစိတ်မဆိုးတဲ့အပြင် အပြုံးမပျက်ပြန်ပြောသည် ။

" တစ်ဖက်လူကမသိစေချင်ပေမယ့် ကိုယ်ကသိချင်တယ်လေ အဲ့တော့ဘယ်လိုလုပ်ရိုင်းရာကျမလဲ "

{Edit}မြတ်နိုးခြင်းများအားဆောင်ကျဥ်းခဲ့ပါသော သူ၏... ( COMPLETED )Where stories live. Discover now