Epi 33

8.4K 637 33
                                    


" တီ"(ဖုန်းမြည်သံ)

နီယံ ပိုးမွေးနေ့သွားဖို့ အာကာလာကြိုမည့်အချိန်ကိုစောင့်နေတုန်း ဖုန်းဝင်လာတာကြောင့် ကြည့်လိုက်တော့ မိရွှန်း ။ သူငယ်ချင်းမရဲ့ဖုန်းကို အချိန်မဆွဲပဲနီယံဖုန်းကိုင်လိုက်သည် ။

" အေး အရွှန်းမပြီးပြီလား "

" ငါ့အမေနေမကောင်းလို့ ငါလိုက်လို့အဆင်မပြေတော့ဘူးနီယံ အဲ့တာပိုးကိုပြောပေးပါအုံး "

" အင်းအင်း အန်တီဘယ်လိုနေသေးလဲသက်သာလား ညနေကျရင်အိမ်လာခဲ့မယ် "

" အင်း သက်သာပါတယ် "

" အေးအေး "

ဖုန်းချသွားသည်နှင့် အိမ်ရှေ့ကကားသံကြားလို့ထွက်ကြည့်တော့ အာကာရောက်လာပြီဖြစ်သည် ။ အမြဲတစ်ခုမဟုတ်တစ်ခု ပြဿနာရှာရန်စတတ်တဲ့ အာကာနဲ့ရန်မဖြစ်ချင်တာကြောင့် အမြန်သွားလိုက်သည် ။ ကားတံခါးဖွင့်ကာ Lover seatမှာဝင်ထိုင်လိုက်တော့ မြင်မြင်ချင်းတွေ့လိုက်ရတဲ့ အာကာဝတ်ဆင်ထားသည့် နီညိုရောင်ပွင့်တရာပုဆိုးနှင့်ရှပ်လက်ရှည်နီညိုရောင် ။ တခါမှမဝတ်ဖူးသည့်ပုဆိုးကိုဝတ်ထားသည့်အပြင် ကိုယ်နဲ့ပါဆင်တူဝတ်ဆင်ထားတာကြောင့် နီယံအာကာ့ကိုမျက်မှောင်ကုတ်ကြည့်လိုက်သည် ။ ဒါဟာတိုက်ဆိုင်တာလားဆိုတော့လည်း နီယံမှာတွေးရခက်ခက် ။ တိုက်ဆိုင်မယ်ဆိုလျှင်တောင် အင်္ကျီပဲတူနေရမည်ကို ပုဆိုးကပါတူနေတာက တိုက်ဆိုင်မှုဆိုတာမယုံချင်စရာပါပဲ ။

" ခင်ဗျားနဲ့ကျွန်တော်ကဆင်တူဖြစ်နေတယ်နော် "

အာကာ့ဘက်မှစပြောလာတော့ နီယံပြန်ပြောလိုက်သည် ။

" မင်းတမင်လုပ်တာမလား "

" ဆုတောင်းလေ တမင်တောင်လုပ်ရအုံးမယ် ခင်ဗျားကတော်တော်ရူးတာပဲ "

" ဘာကွ "

' ဘုရားစူး ကိုယ့်ကိုချစ်ကြောင်းပြောထားတာသူမှဟုတ်ပါလေစ '

" တော်ပြီ နားငြီးတယ်ဗျာ ဖူးစာလို့ပဲမှတ်လိုက် "

" လော်ပဲ "

အာကာလဲဘာမှပြန်မပြောပဲ ကားမောင်းထွက်လာခဲ့လိုက်သည် ။ ထိုစဥ် အာကာ့ကားနှင့်မလှမ်းမကမ်းမှ ကားအနက်ရောင်ပေါ် အနီရောင်ကိုယ်ကျပ်ဂါဝန်လေးနှင့် ဆံပင်ကိုထုံးဖွဲ့ထားသည့် မိန်းမလှလေးတစ်ယောက် ။ အာကာမြင်ဖူးသလိုလိုရှိပေမယ့်ဘယ်သူမှန်းစဥ်းစားမရသေး ။ နောက်မှသတိရသွားကာ နီယံ့ကိုမေးလိုက်သည် ။

{Edit}မြတ်နိုးခြင်းများအားဆောင်ကျဥ်းခဲ့ပါသော သူ၏... ( COMPLETED )Donde viven las historias. Descúbrelo ahora