Epi 18

9.1K 723 15
                                    

ဒီနေ့ကပိုးတို့ကျောင်းတတ်ရမည့်နေ့ ။
ကျောင်းတတ်ဖို့ထက် RC ရရေးသာအဓိကထားပြီး ကျောင်းထဲရောက်တုန်းရောက်ခိုက် ဟိုတစ်စုဒီတစ်စုဓာတ်ပုံရိုက်နေကြသော ကျောင်းသူကျောင်းသားများက နေရာတိုင်းလိုလိုမှာတွေ့ရတတ်သည် ။ 

အများစုကတော့ပထမနှစ်ကျောင်းသားကျောင်းသူများသာဖြစ်ကြသည် ။ ဘာ့ကြောင့်ဆို ဒီလိုပထမဆုံးတတ်ရမည့်နေ့ဆို ဒုတိယနှစ် တတိယနှစ် နောက်ဆုံးနှစ်သမားများကအတန်းထဲမရှိတတ်ပဲ လည်လို့ပတ်လို့ကောင်းဆုံးအချိန်ဖြစ်သည် ။

တကယ်ဆိုပိုးတို့ကပထမဆုံးရက်မှာလက်မှတ်ထိုးပြီး နောက်ရက်တွေမှာစာကျက်ရန်အိမ်မှာပဲအချိန်ကုန်ဆုံးမည်ဖြစ်သည် ။ ပိုးတို့လဲကျောင်းထဲရောက်တုန်း အမှတ်တရဓာတ်ပုံရိုက်ယူကာ english အဆောင်ပေါ်တတ်သွားပြီး ကိုယ့်နံပါတ်ပါတဲ့အခန်းကိုရှာကာ အခန်းထဲဝင်နေရာယူလိုက်သည် ။ ကျောင်းသားအင်အားများသောကြောင့် အတန်းကို၅ယောက် ၆ယောက်နှုန်းထိုင်ကြရပြီး အခန်းထဲကြပ်ညပ်သပ်နေသည် ။

တီချယ်စာသင်တော့လဲ စာလိုက်ကြည့်တဲ့သူဆိုတာအင်မတန်ရှားပါးလှသည် ။ ဖုန်းသုံးသူကသုံး စကားပြောသူကပြော ဓာတ်ပုံရိုက်သူကရိုက်နှင့် ခုမှဝင်လာသူ ပြန်ထွက်သူနှင့်အပေါက်ဝရှုပ်ယှက်ခပ်နေသည် ။

၃ချိန်လောက်တတ်ပြီး ပိုးတို့လဲထပြန်လာကာ မိန်းထဲကနတ်သုဒ္ဓါဆိုင်မှာဝင်စားဖြစ်ကြသည် ။ တတိယအသုတ်တွေပါကျူရှင်တတ်ဖို့ရောက်နေကြပြီမို့ မိန်းထဲမှာလူတွေတော်တော်များလှသည် ။ ဆိုင်ထိုင်ဖို့အရေးကို လူတွေပြည့်သိပ်နေတာကြောင့် နေရာလွတ်သွားမယ့်အချိန်ကိုစောင့်ကြရသည် ။

ပိုးတို့ဆိုင်ထဲဝင်ဝင်ခြင်းမှာပဲ တစ်ဝိုင်းလွတ်သွားကြောင့်ဝင်နေရာယူလိုက်သည် ။ စားပွဲထိုးကလေးကိုမှာပြီး ရှေ့မှာလာချပေးတဲ့ရေခဲရည်ဗူးထဲကရေကိုခွက်ထဲထည့်ကာ အရင်ဆုံးအမောဖြေလိုက်ကြပြီး ရွှန်းကစကားစပြောသည် ။

" နောက်ဆို ဒီလိုအချိန်လေးတွေကိုလွမ်းနေရတော့မှာပဲ "

" မလွမ်းချင်ရင်အကျခံလိုက်လေ "

{Edit}မြတ်နိုးခြင်းများအားဆောင်ကျဥ်းခဲ့ပါသော သူ၏... ( COMPLETED )Where stories live. Discover now