Epi 10

11.2K 913 12
                                    


ပိုးတို့သူငယ်ချင်းသုံးယောက်တက္ကစီနဲ့ ပုသိမ်မြို့ကို ဆင်းလာခဲ့သည် ။ ရန်ကုန်ကနေ၈နာရီလောက်စထွက်လာတာမို့ ၁၀ နာရီလောက်ကျခရီးတစ်ထောက်နားကာ မြသီတာစားသောက်ဆိုင်မှာရပ်နားလိုက်ကြသည် ။ ဆိုင်ရှေ့မှာ Express ကား၄စီးလောက်ရပ်ထားပြီး ဆိုင်ထဲမှာလဲခရီးသည်အပြည့်ဖြစ်သည် ။ ကားမောင်းသူဦးလေးကမလိုက်တော့ဘူးဆိုတာကြောင့်
ပိုးတို့ဆိုင်ထဲဝင်ပြီး ခုံတစ်ခုံတွင်နေရာယူကာ ဝိတ်တာလေးအားဆီချက်ခေါက်ဆွဲ၃ပွဲမှာလိုက်သည် ။ ဝိတ်တာလေးထွက်သွားတော့ တစ်လမ်းလုံးအိပ်လိုက်လာတဲ့ရွှန်းက ပျင်းတိပျင်းရွဲဖြင့် နီယံ့ကိုမှီကာ စကားစပြောလာသည် ။

" ညနေကျရေပေါ်စျေးသွားရအောင်နော် "

" ရောက်တောင်မရောက်သေးဘူး ဟိုသွားမယ်ဒီသွားမယ်အပျော်ရှာဖို့ကတွေးနေပြီ စာကြိုးစားမယ်မရှိဘူး "

နီယံ့အပြောကိုရွှန်းကခေါင်းထောင်လာပြီး နှာခေါင်းရှုံ့သည် ။

" အောင်ရင်တော်ပြီပေါ့ အသည်းအသန်ကြိုးစားဖို့လိုလို့လား သေရင်ကိုယ့်နောက်လဲပါတာမဟုတ်ဘူး "

" သေရင်ကိုယ့်နောက်မပါပေမယ့် အသက်ရှင်စဥ်မှာ ဒီဘွဲ့လေးတစ်ခုနဲ့ဘဝကိုရပ်တည်သွားရမှာမဟုတ်ဘူးလား "

(A/N - ဒီဘွဲ့လေးနဲ့ရပ်တည်သွားရမယ်ဆိုတဲ့စကားကလေ fbမှာလား မသိဘူးတွေ့ဘူးတယ်
ဘယ်သူတင်မှန်းလဲမသိတော့သွားပြောလို့ကလဲမရဘူးရယ်။အကယ်၍ သုံးလို့မရဘူးဆို wp message boxမှာလာပြောပေးပါနော် ဖျက်ပေးပါမယ်။
အဲ့တာကြောင့် Crd ပေးပါတယ်နော် )

" အဲ့တာကြောင့် အောင်ရုံပဲကြိုးစားပါမယ်ဆို "

" နင်ကြည့်တဲ့နည်းနည်းလေးထဲကပါမလာရင်ခွေးကျဝက်ကျကျမှာနော် "

" ပါးစပ်ပုပ်ကြီးနဲ့ပြောပြန်ပြီ "

ရှေ့ကအငြင်းအခုန်လုပ်နေတဲ့သူငယ်ချင်းနှစ်ယောက်ကြားဝင်မပါပဲ ပိုးပြုံးပြီးသာကြည့်နေလိုက်သည် ။ ရွှန်းနဲ့နီယံဆိုတာအမြဲတကျက်ကျက် ။ မှာထားသည်များကို ဝိတ်တာလေးလာချပေးတော့မှ စကားတွေရပ်သွားတော့သည် ။ နီယံကရွှန်းနဲ့သာစကားနိုင်လုပြီး စာလုပ်ဖို့ပြောနေတာ တကယ့်တကယ်ဆို တစ်ယောက်ဆုံးဖြတ်ချက်ကိုတစ်ယောက်ကလက်ခံမည်သာ ။

{Edit}မြတ်နိုးခြင်းများအားဆောင်ကျဥ်းခဲ့ပါသော သူ၏... ( COMPLETED )Where stories live. Discover now