Epi 7

11.2K 950 31
                                    

အခုဆိုရင်စာသင်တာ ၁လ ကျော်သွားခဲ့ပြီဖြစ်သည် ။ နှစ်ယောက်ကြားရင်းနှီးမှုတွေလည်းပိုလာသလို တစ်ယောက်အကြောင်းကိုလည်း တစ်ယောက်ကကောင်းကောင်းသိနေပြီဖြစ်သည် ။ အန်တီခရေတို့ကလည်း ပိုးကိုမိသားစုလိုဆက်ဆံတာမို့ အဆင်ပြေလှသည် ။ စျာန်က ဆိုးပေမယ့်ပိုးစကားနားထောင်လို့သာတော်တော့သည် ။ မဟုတ်ရင် ဒီကျောင်းသားကိုစာဆက်သင်ဖို့လက်လျှော့မိမှာအမှန် ။

ပိုး စျာန်တို့အိမ်ရှေ့ရောက်တော့ လူခေါ်ဘဲလ်မတီးတော့ပဲ တံခါးဖွင့်ပြီးသာအိမ်ထဲဝင်လာခဲ့လိုက်သည် ။ ပိုးအိမ်ထဲဝင်လာရင် အမြဲတမ်း ဧည့်ခန်းထဲစာထိုင်ဖတ်ရင်ဖတ် မဖတ်ရင် အလှပန်းအိုးနေတတ်တဲ့အန်တီ့ကိုမတွေ့ ။ ပိုး ဧည့်ခန်းကျော်လာတော့ မီးဖိုခန်းကနေဆန်ပြုတ်ပန်းကန်ကိုင်ပြီးထွက်လာသည့် ကြီးကြီးမြနှင့်ဆုံသည် ။ ဆန်ပြုတ်ပန်းကန်နဲ့အပေါ်တတ်ဖို့ပြင်နေတဲ့ကြီးမြကို ဘယ်သူနေမကောင်းဖြစ်နေကြောင်း ပိုးမေးလိုက်သည် ။

" ​ကြီး​မြဘယ်သူနေမကောင်းလို့လဲဟင် "

" ခရေနေမ​ကောင်းလို့သမီးလေးပိုးရေ အဲ့တာကြီးမြဆန်ပြုတ်သွားပို့မလို့ "

" ဟုတ်လား သမီးယူသွားပေးလိုက်မယ်လေကြီးမြ "

" အဲ့တာဆိုရင်တော့ကျေးဇူးတင်ပါတယ်သမီးရေ ကြီးမြလဲမီးဖိုထဲဟင်းအိုးတန်းလန်းကြီးနဲ့မို့လို့ "

" ရပါတယ်ကြီးမြ "

ပိုးလည်းကြီးမြဆီကဆန်ပြုတ်ပန်းကန်ကိုလက်ပြောင်းယူကာ အပေါ်ထပ်ကိုတတ်လာခဲ့လိုက်သည် ။ လှေကားထိပ်ကညာဘက်အခန်းရှေ့တွင်ရပ်လိုက်ကာ တံခါးခေါက်လိုက်သည် ။

Knock ! Knock !

တံခါးနှစ်ချက်ဆင့်ခေါက်လိုက်ပြီး တံခါးဖွင့်ကာ အခန်းထဲဝင်လာခဲ့လိုက်သည် ။ အခန်းထဲရောက်တော့ ကုတင်ဘေးမှာထိုင်နေတဲ့စျာန် ။ ပိုး ကုတင်နားလျှောက်သွားကာ ကုတင်ဘေးကစားပွဲအသေးလေးပေါ်ဆန်ပြုတ်ပန်းကန်ကိုတင်လိုက်ပြီး အန်တီခရေ့ကိုစကားပြောလိုက်သည် ။

" သက်သားလားအန်တီ "

အန်တီခရေကပိုးကိုပြုံးပြကာ သက်သာကြောင်းကိုပြောလေသည် ။

{Edit}မြတ်နိုးခြင်းများအားဆောင်ကျဥ်းခဲ့ပါသော သူ၏... ( COMPLETED )Where stories live. Discover now