Part-49

3.4K 353 95
                                    

အစည်းအ​ဝေးကထင်တာထက်ပိုကြာ​နေသည်။ ​ပြဿနာကပြောရလျှင် တံဆိပ်အတုအပ​တွေက ​ဈေးကွက်ထဲသို့သထုံ့နာမည်နဲ့​ရောက်​နေသည်။ ကုမ္ပဏီနာမည်ပျက်​အောင်တစ်စုံတစ်​ယောက်ကဦးတည်တိုက်ခိုက်​နေမှန်းသိသာသည်။ရှင်းရ​ဝေမိဘ​​တွေလားသိရ​အောင်စုံစမ်းခိုင်းထား​ပေမဲ့ အဲ့ဘက်ကမသင်္ကာစရာမ​တွေ့၍ ​ခေါင်းစား​နေရသည်။

"MD ​ရေ​လေး​သောက်လိုက်ပါဦး"

​ချွေး​စေး​တွေမထွက်စဖူးထွက်​နေတဲ့ MD ​ကြောင့်တံခွန်သစ် ​ရေ​အေးတစ်ခွက်ငှဲ့​ပေးလိုက်ရသည်။

"အခု စစ်​ဆေး​ရေးက ဝင်သွားတာ ဘယ်​လောက်ဆုံးရှုံးသွားလဲ။"

"သိန်းတစ်​​ထောင်ပါ။ ပစ္စည်း​တွေ ထပ်မထုတ်ဖို့ အချိန်မီတားလိုက်လို့ သိပ်မများပါဘူး။ ဒါ​ပေမဲ့ စက်ရုံက order ​တွေပိတ်ရ​တော့ အပ်ချုပ်သမ​တွေအတွက်လစာကခက်​နေပါတယ်။ ပြီး​တော့ ဆုံးရှုံးမှုကမချုပ်ရ​သေးတဲ့ အထည်အလိပ်​တွေကုန်ကြမ်းဖိုးထည့်မ​ပေါင်း​​သေးလို့သာ အဲ့ဒါပါထည့်တွက်ရင် မနည်းဘူး MD... အခုဝယ်လက်​တွေကလည်း Complain တက်​နေပါတယ်။ Website မှာ JCK ကBad review ​တွေတအားများ​နေတာ MD..."

"ကျစ်...ဒီလိုမှန်းသိ ငါ ကားShowroomဘက်​ငွေထပ်မထည့်ပါဘူး

သထုံ​ခေါင်းခဲ​နေရသလို ဒီကိစ္စ​နောက်ကွယ်က လူကိုလည်း​ဖော်ထုတ်ဖို့ အုံးစား​နေရသည်။

"ဦး​စေနိုင် သမီးက MD နဲ့​တွေ့ချင်ပါတယ်တဲ့..."

သထုံ့​ကျောက ​ပျော့​ခွေ​နေရာမှမတ်ခနဲဖြစ်သွားသည်။

*ဪ... လက်စသတ်​တော့ ခင်ဗျားတို့က ဒီလိုလား***

​လောကမှာ တစ်ခါကူညီ​ပေးဖူး​တာနဲ့ ​ကျေးဇူးရှင်ဆိုပြီးယုံကြည်ကိုးကွယ်ရင် ​နောက်​ကျောဓါးနဲ့ထိုးခံရမယ်ဆိုတာ အခုမှလက်​တွေ့သိရ​လေပြီ။

"Nice to meet you ကိုသထုံ...
အကျိုးတူပူး​ပေါင်းဖို့ စိတ်ဝင်စားမလား လာခဲ့တာပါ ကျွန်မ နိုင်မြင့်မိုရ်​စေပါ"

သူမကမ်း​သောလက်အား သထုံမှ ပြန်မဆွဲ​​သောအခါ ခန်းမအလယ်မျက်နှာကွက်ခနဲပျက်၏။

 ငါ့​​​ယောကျာ်းက girl allergicရှိတယ်(Completed)Where stories live. Discover now