Part-55(Epilogue)

11.4K 461 297
                                    


"ဟဲလို မာမီလား။ ဟုတ် ထွေး အိမ်မှာ မ​တွေ့လို့ဆိုင်ကို​ရောက်​နေတာလား။"

"ဟင် ဒီ​နေ့တစ်​နေ့လုံး အဲ့​ကောင်မ​လေး ဆိုင်မထိုင်ဘူး သားရဲ့ အိမ်မှာမရှိဘူးလား။"

မြူ​ယောက္ခမကို ဖုန်း​တောင်ဆက်မ​ပြောနိုင်ဘဲမယား​ပျောက်ရှာထွက်ရ​တော့သည်။

"ငါကိုကဆတ်​ဆော့တာ..."

****

မိန်းက​လေးငယ်ငယ်​လေးတစ်​ယောက် အထုပ်အပိုး​တွေသယ်ကာ က​လေး​​လေးတစ်​ယောက်ပိုက်ပြီးကား​ပေါ်ကဆင်းလာသည်။တည်​နေရာက ဝါဆိုရပ်ကွက် နှစ်လမ်း​ကျော်ဆီ...

"ထိထိ​ရေ ထိထိ အထုပ်​တွေကူသယ်ပါဦး"

​ဦးသထုံခါးပြန်နာ​နေလို့ ကြပ်ထုပ်ထိုး​ပေး​နေ​သော ထိထိမှာ ဆားထုပ်ကြီးချကာ တံခါးထဖွင့်ရသည်။

"ဟဲ့ နင်ဘယ်လိုဖြစ်လာတာလဲ။"

​ရေသူမစကပ်နဲ့​ကြော့​မော့မ​နေနိုင်​သောထွေးမှာ က​လေးကိုထိထိလက်ထဲအင့်ခနဲထိုးထည့်ကာ အထုပ်​တွေကို ဇမ်းလက်ထဲ ​ပေးလိုက်သည်။

"မြင်တဲ့အတိုင်းပဲ ငါ အိမ်​ပေါ်ကဆင်းလာတာ
​နောက်မှ​​မေးစမ်းဟယ် ​မောရ​မောနဲ့..."

"ဦးသထုံ ​နေမ​ကောင်းဘူးလား..."

"ခါးနာ​နေလို့..."

​ထွေးကယပ်ခတ်ကာ ဆိုဖာပေါ် ​ကျောခင်းလှဲ​နေ​သောဦးသထုံကို​မေးပြီးသည်နှင့်ထိထိကိုဘာလိုလိုကြည့်လာသည်။ထိထိက​လေးကို ပုခက်ထဲထည့်ကာချီးထုပ်မကို ​ဖြေရှင်းရသည်။

"ငါ့လာမကြည့်နဲ့။ သူ့ဟာသူအ​လေးအပင်မလို့ ခါးပြန်နာတာ... လူကဖြင့်အသက်ကြီး​နေပြီ။ အကုန်လိုက်​ပြော​နေရတုန်း"

"​နေပါဦး။ သူကဘာအ​လေးအပင်မလို့ခါးနာရတာလဲ။"

ဆရာကြီးလို ဆူ​နေ​သောထိထိက လက်ပိုက်ကာခပ်တည်တည်​ဖြေသည်။

"ငါ့ကို​လေ..."

"ဘာရယ်..."

​ထွေးတို့ ​မေးမိတာ​တောင်မှားပါသည်။

"​အေးပါ နင်တို့​ခေတ်ပဲ လုပ်​ပေါ့ ငါက​တော့ ဟိုသူ​တောင်းစားကို စိတ်ထဲက ထုတ်ပစ်လိုက်ပြီ​ဟေ့"

 ငါ့​​​ယောကျာ်းက girl allergicရှိတယ်(Completed)Where stories live. Discover now