Part-50

4K 375 56
                                    

ဇမ်း နဲ့ David အူလျားဖားလျားနဲ့ ဧဃသထုံ ရှိတဲ့ဆီအ​ပြေး​ရောက်လာခဲ့သည်။

"ဦးသထုံ ထိထိရဲ့အချက်ပြစက်က လင်းနေတယ် ခင်ဗျား ကံ​ကောင်းတုန်းလိုက်သွားမှဖြစ်မယ် က​လေး​ခေါ်ပြီး သူတို့​ဆေးရုံကဆင်းသွားပြီ David ကို​မေ့​ဆေး​သေနတ်နဲ့ပစ်သွားတာ ကားဂို​ထောင်မှာ ​မေ့လဲ​နေလို့ကျွန်​တော်နှိုး​ခေါ်လာရတာ "

သထုံ ဟိုမိန်းမ ကိုလက်ပြတ်​နေတဲ့အတိုင်းရဲလက်အပ်ပြီး ပြန်အလာ ကြားရ​သောသတင်းဆိုးပင်ဖြစ်သည်။

"​တောက်!!!
ထိထိ မင်းဟာ သိပ်ကိုရဲတင်းလွန်းတာပဲ"

သူသိသည်။ထိထိဘာလို့ အသာတကြည်လိုက်သွားမှန်းသိသည်။ သူ့က​လေး​တွေ ​ကြောင့် ကလွဲရင်ဘာကိစ္စ​ပေးဆပ်ဦးမည်နည်း။
စိတ်ဆင်းရဲမှုဟာ လူတစ်​ယောက်အား အင်မတန်အား​လျော့​စေသည်။ အလုပ်​​တွေလည်းပစ်ထားလိုက်ပြီး သားသမီးနဲ့ ​ယောကျာ်းကိုသာ ရှာဖို့ပြင်ရသည်။

"ကျွန်​တော်​တောင်းပန်ပါတယ် Boss
အစ်ကို​လေးကိုမ​စောင့်​ရှောက်လိုက်နိုင်ဘူး"

David လည်း​ခေါင်းငုံ့ကာ​တောင်းပန်​တော့ သထုံ စိတ်ထဲဆင်းရဲ​နေ​ပေမဲ့ လက်ခါပြလိုက်သည်။ အခုကိစ္စက တစ်ဖက်လူက အကွက်ချပြီး​စေ့စပ်​အောင်လုပ်သွားတာကြီး... ကိုယ့်အချင်းချင်းအပြစ်တင်​နေလို့​ကောင်းနိုင်တာမရှိ​​ချေ။

"မင်းအမှားမင်းသိရင်ရပြီ။ David "

Benjamin နဲ့ဒီရွန်လည်းသတင်းအစုံကြားလို့ သထုံ့ဆီလိုက်လာကြသည်။

"အဲ့မိန်းမ​ပြောတဲ့​နေရာ ငါ့လူ​တွေဖြန့်ရှာထားတယ်။ ခက်တာက ဆင်တူအ​ဆောက်အအုံ​တွေများ​နေတာပဲ"

ဒီရွန် သထုံ့အခက်အခဲကိုသိ၍ဝင်​ပြောလိုက်သည်။

"ကျွန်​တော့်ကို​ပြော ရှင်းရ​ဝေ​နောက်ကို နှစ်နည်းနည်း​လောက်လိုက်ခဲ့တာ သူ့အ​ကြောင်းကျွန်​တော့်​လောက်ဘယ်သူမှမသိနိုင်ဘူး"

ထိုစကားကြား​တော့ အားလုံးမျက်နှာအ​ရောင်လက်သွား​ပေမဲ့ Benjamin ကနှာမှုတ်သည်။

"ဒီ​နေရာက ​ရော်ဘာ​တောထဲကပဲ သံရည်ကျိုစက်နဲ့နီးတယ်။ အဲ့မှာ သူပိုင်တဲ့ တိုက်တစ်လုံးရှိတယ်။ သွားကြရ​အောင်"

 ငါ့​​​ယောကျာ်းက girl allergicရှိတယ်(Completed)Where stories live. Discover now