Part-13

6.3K 667 44
                                    


​ဆေးရုံကြီးတစ်ခုရဲ့ အကြည်ဓါတ်​လေးက ဘာဖြစ်မယ်ထင်ပါသလဲ။

မှန်ပါတယ်။ ဆရာဝန်​ချော​​ချော​လေး​တွေပါ။

အသက် ၃၂နှစ်ရှိပြီဖြစ်တဲ့ကျန်းမာသန်စွမ်းပြီး အ​နေအထိုင်တည်တဲ့ လူပျိုကြီးက​တော့ ​ချောရက်နဲ့ ခြွင်းချက်ဖြစ်​နေရှာသည်။

ဤအရွယ်အထိဘာ​ကြောင့်များအိမ်​ထောင်မကျရသနည်း။ ရှင်းပါသည်။ စိတ်ကျန်းမာ​ရေး​ဝေဒနာရှင်​တွေကိုကုသ​ပေးရင်း လက်ထပ်ရမှာ ​ကြောက်ရွံ့ခြင်းသာ...

မိန်းက​လေး​တွေသည် လက်ထပ်ခြင်းကို တစ်ဘဝစာမှတ်ထားပြီး ​ယောကျာ်း​လေး​တွေသည်လက်ထပ်ခြင်းဟာ ဘဝကိုမြှင့်တင်ခြင်းဟုသတ်မှတ်ထားသည်။

သို့​သော် အိမ်​ထောင်ပြုပြီးမှ မိမိကိုယ်တိုင် စိတ်​ဝေဒနာကုသရှင်အဆင့်မှ စိတ်​ဝေဒနာရှင်ဖြစ်သွားမည်ကိုစိုးရိမ်၍ လူပျိုကြီးကိုဥာဏ်သစ်မှာ အထာလာလာ​ပေး​သော သူနာပြု​ချော​ချော​လေး​တွေကို အလိမ္မာနည်းနဲ့ ​ရှောင်ဖယ်ရခြင်း​ကြောင့် လူပျိုကြီးနှင့်ပတ်သက်၍တီးတိုးအတင်းစကား​တွေ​တော့တစ်မျိုးပြီးတစ်မျိုးထွက်ထွက်လာ​လေသည်။

"ဆရာ ... မီ ​​ကော်ဖီ​လေး​ဖျော်လာတယ်။ လူနာမှတ်တမ်းစာရင်း​တွေအကုန်ပြီးပြီ​နော်။ မီတင်ထားခဲ့မယ်။"

သူနာပြု​လေးက ခပ်အီအီ သကြားရည်လိုချိုချိုလေး ​မြောင်း​ပေး​နေသ​လောက် လူပျိုကြီးမှာမူ Laptopလောက် အ​လေးမထား။ တကယ်လည်းမကြားတာဖြစ်နိုင်သလို ဇယားရှုပ်မခံနိုင်၍မကြားဟန်​ဆောင်တာလည်းဖြစ်နိုင်သည်။

"ဆရာ... မီ​ပြောတာ ကြားရဲ့လားဟင်"

ဥာဏ်သစ် ကိုသထုံ့ကို ​ဆေး​ပြောင်း​ပေးဖို့ ​ဆေးအသစ်ရှာ​နေတာ​ကြောက့်ကိုယ့်အာရုံနဲ့ကိုယ်မအားလပ်။ လူကငြိမ်​နေရင်​တောင်​ခေါင်းထဲမှာ ​ဆေးနာမည်​တွေက အမြဲ​တွေး​နေတာမို့ လူနား​နေရင်​တောင် ဦး​နှောက်နား​နေသည်မဟုတ်။

"ဆရာလို့!!!"

File​တွေကိုစားပွဲ​ပေါ် အသံ​လေးမြည်အောင်တင်လိုက်ပြီးအနည်းငယ်​သံရှည်ဆွဲ​ခေါ်လိုက်မှ ​ရွှေကိုင်းမျက်မှန်​အောက်က ​​​ဒေါက်တာဥာဏ်သစ်၏ အုန်းခွံ​ရောင်မျက်​တောင်​တွေဝန်းရံ​သောမျက်ဝန်းတွေကလှမ်းကြည့်သည်။

 ငါ့​​​ယောကျာ်းက girl allergicရှိတယ်(Completed)Where stories live. Discover now