Part-53

4.2K 376 181
                                    

က​လေး ပိစိ​လေး​တွေ ဝိုင်း​နေတဲ့ ​ကောင်​လေး​ချော​ချော​လေးအား စိတ်ကျန်းမာ​ရေး​ဆေးရုံမှ လူနာ​တွေက စိတ်ဝင်တစားငမ်း​နေသည်။ ​ဖွေးဥဥ ပိန်းဥလုံး​လေး ၃လုံးက ဖ​အေ ​ဆေးကုတာ ​နောက်ကမလိုက်ရလို့​အော်ငို​နေတာနဲ့ ထိထိမှာ ဘယ်သွားသွား​ခေါ်သွားရသည်။ ၃​ယောက်​တောင်မို့ ကိုယ့်မှာလည်း အလုပ်ကသာ ဒီဇိုင်နာ... လူကရှိုးထုတ်မရ​ပေ။ ဖရိုဖရဲ ရှပ်အင်္ကျီအဖြူက ပိန်းဥလုံး​​တွေ သွားရည်အကွက်လိုက်​ပေ​နေကာ ဂျင်း​ဘောင်းဘီအပြာမှာလည်း ​ချောကလက်​တွေ ပွထလို့... ​သေး​သေး​လေး ၃​ကောင်မှာ စိတ်ကျန်းမာ​ရေးက လူနာ​တွေ ကို သွားစပ်စု​ချင်သေး၍  David နဲ့သူ မနည်းထိန်း​နေရသည်။အလစ်​ပေးတာနဲ့ လှစ်ခနဲ​ပျောက်သွားပြီ။ ကြိုးနဲ့ချည်ထားလိုက်ရ... မ​ကောင်းရှိ​တော့မယ်။

"Boss က​တော့ ​အေးချမ်းလို့ ကျွန်​တော်တို့မှာ ​မျောက်ဖမ်း​နေရတယ်"

ချစ်လှပါချည်ရဲ့ဆိုတဲ့ David ​တောင်အဲ့လို​ပြောတယ်ဆိုကတည်းက ပိန်းဥင​မွှေ​တွေအ​ကြောင်း ​နော​​​ကျေသင့်ပြီ။

"ဟာ...ဧကထိ..."

အငယ်​လေး ကိုချီရင်း ကိုစပ်စုဧကထိ လိမ့်ရာ​နောက် ထိထိ​ပြေးလိုက်ရ​လေသည်။

"ဒီဦး​လေးကြီးက သားသားစား​နေတဲ့ ​ချော​ချောတောင်း​နေလို့ လာ​ကျွေးတာ..."

စိတ်ကျန်းမာပုံမရတဲ့ လူကြီးက ဧကထိ ​ပေးတဲ့ ​ချောကလက်​ချောင်းကို ဝမ်းသာအားရယူလိုက်၍ သူနာပြု​လေးက ဟန့်သည်။

"​ဆေး​သောက်ရမယ်​လေ အဲ့အချို​တွေမစားရဘူး"

လူနာက နှုတ်ခမ်းစူကာ ​ချောကလက်ကို​ဆောင့်​အောင့်ပြန်​ပေး​တော့ ဧကထိကလက်​လေးပိုက်ပြီး သူနာပြုမမကိုပြန်​ပြောသည်။

"​ဖေ​ဖေဆို သားသားကို ​ဆေးခါးခါးတိုက်ပြီးရင် ​ချော​ချော​ကျွေး​နေကျ... အန်တီမမက ဘာလို့ မစားခိုင်းတာလဲ။ သူများတကာ​ကျွေးတာကိုမငြင်း​ကောင်းဘူး ဦး​လေးကြီး ယူသွား သားသားမှာ များကြီးရှိ​သေးတယ်။"

သူနာပြုမှာဆွံ့အလျက်...
လူနာကလည်း ဧကထိနဲ့ လက်သီးချင်းတိုက်ပြီး ​ချောကလက်ကို အားပါးတရ စားပြသည်။ ဧကထိကမ​ကျေနပ်​သေးဘဲတိုးတိုး​လေးကပ်​ပြောလိုက်​သေးသည်။

 ငါ့​​​ယောကျာ်းက girl allergicရှိတယ်(Completed)Where stories live. Discover now