Part-39

4.9K 567 144
                                    

"​နောက်ကျ​နေပြီလို့... ​ဖေ​ဖေ့ကိုလွှတ်​လေ မီးရယ်...ပြန်လာရင်မုန့်​တွေများကြီးဝယ်ခဲ့မယ်​လေ ​နော်..."

"ဘူး ဘူး... ​ဖေ... ​နေ​နေ..."

ထိထိ ​ရေလဲပုဆိုးကို အတင်းဆွဲထားလို့ သင်တန်းချိန်နီးတာ​တောင် အဝတ်မလဲနိုင်​သေးတဲ့ဘဝ...

"အဲ့လိုမှန်းသိရင် ငါနဲ့တူ​အောင်မ​မွေးပါဘူး။"

အခုမှ​တော့ သူ့အကျင့်​တွေဆက်ခံထားတဲ့​ပေါက်စနှစ်​ကောင်ကို ဘယ်လိုမှ​ချော့မရ​​တော့ပေ။ပိန်းဥနှစ်နဲ့ ပိန်းဥသုံးက ကြည့်ပါဦး လုပ်​နေလိုက်တာ... ဖ​အေ အပြင်သွားမှာစိုးလို့ ​ခြေသလုံးကိုတစ်​ယောက်တစ်ဖက်စီ အပိုင်စီးထားကြလိုက်တာ... အကြီး​လေးက အိပ်​နေတုန်းမို့ ​တော်​သေးတယ်... အငယ်နှစ်​ကောင်ရဲ့ လုံးတုံးတုံး ပိန်းဥ​ခေါင်း​လေး​တွေကို ဖွဖွနမ်းရင်း စိတ်ထပ်ရှည်ပြီး​ချော့​​နေရသည်။

"​ဖေ​ဖေက အလုပ်လုပ်ဖို့ သင်တန်းတက်တာ​လေ
မီးမီးတို့ သားသားတို့စားချင်တာ စားရ​​အောင် ပိုက်ပိုက်ရအောင်​လေကွာ...လိမ္မာတယ် မုန့်မုန့်သွားစားကြ..."

"​ဖေ ​နေ...​နေ... ဘူး သွားဘူး..."

ဖွံ့ဖြိုးမှုမြန်တဲ့​ပေါက်စနှစ်​ကောင်က တစ်နှစ်​ကျော်​လေး​တွေမို့သာ... ချွဲ​နေပုံက မျက်လုံးကြီး​တွေမှာ မျက်ရည်​တွေဝိုင်းလို့ ပိန်းဥနံပါတ်သုံး​လေးကို ​ခြေ​ထောက်​လေး မပိ​အောင်​သေချာချီရင်း သစ်သားပုခက်ထဲထည့်လိုက်သည်။မီးမီးကို​တော့ သူ့အစ်ကို​ဘေးထားသိပ်လိုက်သည်။

"​ဖေ သွားဘူး"

"မသွားနဲ့"လို့ မ​ပြောတတ်​သေး​တော့ "သွားဘူး" လို့သာတား​နေတဲ့ မီးမီးက ထိထိကို တအားကပ်လွန်းတယ်။

ဇမ်းနဲ့ ​မေ​မေက ညီမ​လေး​နေမ​ကောင်းလို့ ​ဆေးခန်းသွားတာ​ကြောင့်အိမ်မှာလူမရှိ​ချေ။
သူကြည့်မရတဲ့လူကြီးကိုသာစစ်ကူ​ခေါ်ရ​တော့မည်။

"ဟိုဘက်ခန်းက လူ
တစ်နိုင်ငံလုံးအလုပ်​တွေ အစားလုပ်​ပေး​နေရလို့ ​နေနိုင်တာလား။ က​လေးလာကြည့်​ပေး..."

ဘယ်အချိန်​ခေါ်မလဲ​စောင့်​နေတဲ့ သထုံ အသံစွာစွာ​လေးကြားတာနဲ့ ကိုင်ထားတဲ့ Laptopကိုချကာ အ​ပြေးလာပြီး က​လေးမြှူ​လေသည်။

 ငါ့​​​ယောကျာ်းက girl allergicရှိတယ်(Completed)Where stories live. Discover now