Part-47

3.7K 371 169
                                    

"ရှင်အခုထွက်သွားရင် လုံးဝပြန်လာခွင့်မရှိ​တော့ဘူး​နော် ကိုဧသစ်"

ခင်မာလာ့ကို ဧသစ် ခပ်မဲ့မဲ့နှင့်အနိုင်ပိုင်းကာကြည့်လိုက်သည်။

"မင်းလို ​အေးတိ​အေးစက်မိန်းမဆီလည်းငါပြန်လာဖို့စိတ်ကူးမရှိပါဘူး ​ဒေါ်ခင်မာလာ"

"​တောက်!!!"

အမျိုးသမီးရဲ့တက်​ခေါက်သံအဆုံး အိမ်တွင်းမှက​လေးတစ်​ယောက်ထွက်လာကာ အထုပ်အပိုး​တွေယူပြီးကား​ပေါ်တက်​တော့မည့်ဖခင်၏​ခြေသလုံးကိုဖက်တွယ်​လေသည်။

"​ဖေ​ဖေ သားကိုမထားခဲ့ပါနဲ့။ ​ဖေ​ဖေ့ကိုသားမခွဲနိုင်ဘူး။ "

ခင်မာလာဟာထိုမြင်ကွင်းကိုမမှိတ်မသုန်ကြည့်​နေခဲ့သည်မှာမျက်ရည်တစ်စက်မှမကျဘဲ...

"ကိုကို... ရိုစီတို့သားအမိ ကိုယ့်ဘာသာသွားရမှာလား။"

ကား​ပေါ်က ​လေးနှစ်အရွယ်က​လေးတစ်​ယောက်ကိုချီထားတဲ့ နုနုငယ်ငယ်မိန်းမတစ်​ယောက်ကစိတ်မရှည်သလို​ပြောလာ​တော့ ဧသစ် သထုံ​လေးလက်ကိုဖြုတ်ချကာ လှည့်မကြည့်တမ်းထွက်သွားခဲ့သည်။

"​ဖေ​ဖေ!!! သားကိုမထားခဲ့ပါနဲ့!!!"

"နင်လာစမ်း နင့်အ​ဖေကနင့်ကိုသူ့မယားငယ်​လောက်မချစ်ဘူးဟဲ့... နင်လည်းနင့်အ​ဖေလိုပဲ အ​ဖေတူသား... ငါသိပ်မုန်းတယ်။"

​ဒေါသတကြီးဖြစ်​နေတဲ့မိခင်လက်ထဲမှာ၁၀နှစ်အရွယ်​ကောင်​လေးဟာ ​တော်​တော်များများနားလည်​နေခဲ့ပြီ။

"​ဖေ​ဖေ သား​​မေ​မေနဲ့မ​နေချင်ဘူး..."

ကား​နောက်ကို​ပြေးလိုက်ခဲ့​ပေမဲ့ ​ခြေတံတိုတို​လေး​တွေဟာ ကားဘီးအရှိန်ကိုမမှီ​တော့​ပေ...

"​ဖေ​ဖေ!!!"

သထုံ ​ကြောက်လန့်တကြား​အော်ဟစ်ကာ​ချွေးစီး​တွေနဲ့အိပ်မက်ဆိုးနွံမှ နိုးထလာခဲ့သည်။

"လူကြီး လူကြီး သတိထားပါဦး... ထိထိရှိတယ်​လေ "

ထိထိ​ရေ​လေးတစ်ခွက်ငှဲ့​ပေးပြီး​ကျောကိုဖွဖွသပ်​ပေးလိုက်မှစိတ်ပြန်ငြိမ်သွားဟန်တူသည်။

 ငါ့​​​ယောကျာ်းက girl allergicရှိတယ်(Completed)Where stories live. Discover now