Part-3

12K 1.2K 48
                                    

​သောက်ရမ်း​ပျော်တယ်။ဘဝမှာ ဒီ​နေ့​လောက်​ပျော်ရမှာမဟုတ်ဘူး။

ထိကရုန်းဘာ​တွေ​ပျော်​နေလဲ သိချင်လား။

Big bossက​လေ ထိထိ​​လေးကို နှစ်​ယောက်တည်း အခန်းထဲ​မှာစကား​ပြောကြမယ်တဲ့။

ဒါ မူတာ ...အထာ​ပေးတာ လူကိုအတည်ကြံတာ...

အို...Bossရယ်... ထိထိ ရင်​တွေ ခုန်လိုက်တာ...ဗုံ ဆယ်လုံးတီး​နေသလိုပဲ။ ဟီဟီ

သို့​သော် အထင်နဲ့အမြင်လွဲစွာအခန်းထဲ​ရောက်​ရောက်ချင်း Boss၏လက်သီးပျံကဝဲလာ၍ ထိထိ​လေး​ခေါင်းငုံ့ကာ​ရှောင်လိုက်ရသည်။

"ခင် ခင်ဗျားကြီး ဘာလုပ်တာလဲ။က​လေးသူငယ်ညှင်းပန်းမှု​နော်။မုန့်လက်​ကောက်ဝတ်​နေရမယ်။ဘာမှတ်လဲ။ ​မေ​မေ​ရေ..သားကို ဒီလူကြီး ... အု.."

​​သောက်မြင်ကတ်ကတ်နဲ့ ထိုးဖို့ပဲဟန်ပြင်ရ​သေးသည်။အသံပြဲနဲ့ ခြိမ်း​ခြောက်သွားလိုက်တာများ လူကိုတစ်ခါတည်းအချုပ်ထဲတန်းပို့​နေသလို..

"​ခွေး​စုတ်​လေး...မင်း အ​ပေါက်​လေးပိတ်ထားစမ်း...ငါ မင်းနဲ့စာရင်းရှင်းစရာရှိတယ်။ငါ​ပြောတာနား​ထောင်...လွန်ခဲ့တဲ့ ၂ရက်က မင်း GDF ကုမ္ပဏီမှာရှိ​နေတယ်မလား။"

သူကသာ​မေး​နေတာ တစ်ဖက်ကလူက ပါးစပ်အုပ်ခံထားရလို့တဝူးဝူးဖြစ်​နေရှာသည်။

ထိကရုန်းသည်းမခံနိုင်​​တော့ဘဲ ဘဲကြီး​ပေါင်ကြားကို သာတိုက်စစ်ဆင်လိုက်ရသည်။ ထိကရုန်းရဲ့ခုခံမှုက အဲ့လိုသမားရိုးကျပဲ​လေ..

ဒါ​ပေမဲ့ သူဘယ်ထင်မလဲ။ဘဲကြီးကဒူးနှစ်ဖက်ကို​စေ့လိုက်မယ်လို့...

"​ခွေး​လေး...ထပ်လုပ်ပြန်ပြီ။ဒီတစ်ခါ​တော့မရ​တော့ဘူး။"

သူတစ်ခါတည်းနဲ့မှတ်​နေပြီ​လေ။ဒီ​ကောင်စုတ်​လေး လက်ဆဘယ်​လောက်ပြင်းလဲ ​ဆေးခန်း​တောင်သွားလိုက်ရတယ်မလား။

"ကျွန်​တော်ကမိ​ကောင်းဖခင်သားသမီးပါ။Bossသာ ကျွန်​တော့်ကိုတစ်ခုခုလုပ်ရင် ​မေ​မေကငြိမ်​နေမှာမဟုတ်ဘူး​နော်။Bossကို သနားလို့ သတိ​ပေးတာ"

အခု ဒင်းကငါ့ကိုပြန်သနား​နေတာလား။ဒီ​ဘေးတစ်​စောင်းသွား​လေးက​တော့...

 ငါ့​​​ယောကျာ်းက girl allergicရှိတယ်(Completed)Where stories live. Discover now