Part-24

4.7K 511 148
                                    

"မင်းခိုးရာလိုက်တယ်လည်းဆို​သေးတယ်။ အဝတ်ထုပ်လည်းမပါ ပါလား။​​မောင်ထိကရုန်းရဲ့"

လူကြီး၏လက်ပိုက်ပြီး ​စေ့​စေ့စပ်စပ်ကြည့်​ပြောတဲ့ပုံက ထိထိ​လေးကို အ​နေကျုံ့​​စေသည်။

"ဒါက ဒီလိုရှိပါတယ်။ Boss Darlingရဲ့"

မြူက​တော့အူ​ကြောင်​ကြောင်အတွဲကြားမ​နေ​တော့ဘဲထိထိ​​ဖြေရှင်းခန်းဖွင့်​နေတုန်းဆိုင်ကယ်နှင့်ပြန်​ပြေး​လေပြီ။

"ထိထိကမကြာခင် Boss​ယောကျာ်းဖြစ်​တော့မှာ​လေ"

ဧဃသထုံ မျက်ခုံးပင့်ပြီးစကား​ထောက်​ပေးလိုက်သည်။

"အဲ့​တော့..."

"Bossအင်္ကျီလည်းထိထိအပိုင်ပဲ​ပေါ့။အိမ်က အလုပ်ရှုပ်ခံသယ်​လာစရာလား။လူ​တောင်ပိုင်​နေတာ​လေ အင်္ကျီကိုကပ်စီးကုတ်မ​နေပါနဲ့။"

ဧဃသထုံ​ရေ...ခံ​ပေဦး​ဟေ့...

​နေနှင့်ဦး။​နောက်မှငါနဲ့​တွေ့ကြတာ​ပေါ့...

ထိထိက​တော့ဘာမှမသိရှာ​ပေ။ အိပ်​​ရေးမဝ၍တဝါးဝါးသမ်းကာ ​ယောကျာ်းအသစ်ကြီးလက်​မောင်းချိတ်ပြီးအိမ်ထဲဝင်သွားပါ​တော့သည်။

"ထိထိကိုမျက်နှာသစ်​ပေးပါ ဝါး...
အင်္ကျီလည်း လဲ​ပေး
သွားလည်းတိုက်​ပေး​နော်"

"ထိကရုန်း!!!"

"ဘာလဲ။ဘာလဲ။က​လေးက လက်မ​ကောင်း​သေးဘူး​လေ... အားလားလား နာလိုက်တာ
အဟင့် ​မေ​မေ​ရေ ​မေ​မေ့သားမက်က သားကိုဂရုမစိုက်ဘူး အဟီးဟီး"

စိတ်​တွေလည်းညစ်ရပါတယ်။ညကြီးသန်း​ခေါင်အရှက်မရှိ​အော်ငို​နေတာ မသိရင်သူ့ပဲ အနိုင်ကျင့်နေသလိုလို...

"တိတ် တိတ် မငိုနဲ့။ သစ်​ပေးမယ်။ရပြီလား။"

သွားလည်းတိုက်​ပေးပြီး​ရော လက်နှစ်ဖက်ကဆန့်တန်းလာတာများ ကျိုးသွားတာသူမဟုတ်သလို..

"Up me. Darling!" (ကိုကို ချီပါ)

က​လေးရတာလား ​ယောကျာ်းရတာလားမသဲကွဲတဲ့ ဧဃသထုံမှာသက်ပြင်း​လေး​လေးကြီးချပြီး​နောက် ဘုစုခရု​လေးကို ချီကာ အိပ်ခန်းထဲဝင်သွားပါ​တော့သည်။

 ငါ့​​​ယောကျာ်းက girl allergicရှိတယ်(Completed)Where stories live. Discover now