Part-5

9.8K 1K 19
                                    


လွန်ခဲ့တဲ့ နှစ်၂၀​လောက်က​ဖြစ်သည်။ဆယ်တန်း​ကျောင်းသားတစ်​ယောက်ဖြစ်​သောဧဃသထုံ သည်ပညာ​ရေးဘက်မှာထူးချွန်​​အောင် အမြဲကြိုးစားခဲ့သည့်လိမ္မာ​ရေးခြားရှိ​သော​ကောင်​လေးတစ်ဦးဖြစ်သည်။လတိုင်း Report card  မှာ အဆင့်ထိပ်ဆုံးချိတ်​သော်လည်းချီးကျူးမည့်သူမရှိခဲ့။မိခင်ဖြစ်သူကလည်း သူ့စီးပွား​ရေးနဲ့သူမို့လှည့်မကြည့်။ဖခင်ဆိုတာ ​နောက်အိမ်​ထောင်နဲ့မို့သူ့ကို ရှိတယ်​တောင်မထင်။

အ​ဆောင်မှာ​နေဖို့အမြဲ​တောင်းဆို​ပေမဲ့ မိခင်ဖြစ်သူရဲ့ ​နိုင်ငံခြားပို့ပစ်မယ်ဆိုတဲ့စကားကို​ကြောက်၍တိတ်တဆိတ်သာမြိုသိပ်​နေခဲ့သည်။

၁၅နှစ်အရွယ်က​လေးက ​ရေခြား​မြေခြားမှာ​နေဖို့ဘယ်ရဲပါ့မလဲ။

"သထုံ...နင့်အတွက် ​ငါဝယ်လာတာ"

မိန်းက​လေးတချို့ရဲ့လက်​ဆောင်ပဏ္ဍာ​တွေကိုရ​လည်း မယူရဲ။ အိမ်ကိုပါသွားလျှင် ​မေ​မေ့ရဲ့​ဒေါသကမ​သေး။သားကိုပစ်ထားတာလည်းမဟုတ်။အလိုမကျရင်​တော့ငြိမ်ငြိမ်​လေးထိုင်​နေရင်​တောင် ပြဿနာရှာတတ်သည်။

"ငါ မကြိုက်ဘူး။​နောက်လည်း ယူမလာနဲ့။"

ခပ်တည်တည်တန်းတန်း​သာနေတတ်တဲ့ ဧဃသထုံကို မျက်နှာမာ၍ကြည့်မရသူများပြား​သော်လည်းသူက​တော့ တစ်​ယောက်တည်းသာ​နေသည်။အထီးကျန်သည့်ပုံလည်းမရှိ။

ထိုသို့​နေလာရင်းဧဃသထုံရဲ့စိတ်ဒဏ်ရာ​တွေကိုအစပျိုး​ပေးလာသူက ​မေ​မေ့ညီမ တစ်ဝမ်းကွဲ ဖြစ်သူ ကျူရှင်ဆရာမပင်ဖြစ်​လေသည်။

သူမ​ကြောင့်ပင် ဧဃသထုံအသိအမှတ်ပြုသည့်တစ်ဦးတည်း​သော​သွေးသားရင်းချာ​မေ​မေ့ကို ဆုံးရှုံးလိုက်ရသည်။

"သထုံ... ဒါ မင်းရဲ့အ​ဒေါ်​တော်တယ်။ဒေါ်တင်မာလာတဲ့။​ငါနဲ့ကွဲကွာ​နေတဲ့ ညီမ​အရင်းပဲ။ဒီ​နေ့ကစပြီးသူဒီအိမ်မှာနေလိမ့်မယ်။ မင်းကိုလည်းစာသင်​ပေးလိမ့်မယ်။​ငါခရီးထွက်စရာလည်းရှိ​တော့ မင်းတစ်​ယောက်တည်းမဖြစ်​အောင်သူလာ​နေ​ပေးမှာ။"

အမျိုးအ​ဆွေကိုယုံကြည်မိ​သော​မေ​မေ့အပြစ်ပဲလား။ အိမ်နဲ့​ကျောင်းကလွဲပြီး မသိတဲ့ သူ့ရဲ့ နုံအမှု​ကြောင့်ပဲလား....

 ငါ့​​​ယောကျာ်းက girl allergicရှိတယ်(Completed)Where stories live. Discover now