Part-30

5.5K 463 105
                                    

ဘန်​ကောက်မှာနှစ်ပတ်​လောက် ​ဆေးရုံတက်လိုက်ရတာမို့ လူကသိပ်မဟန်ချင်။ ထိထိ၏အရင်တည်းက ခန္ဓာကိုယ်ဖွဲ့စည်းပုံမှာက​လေးရနိုင်သည့်အ​ခြေအ​နေရှိ၍ ဟို​ရောက်​တော့ ပိုမိုလွယ်ကူ​အောင်သာကြိုးပမ်းစရာလိုသည်။ ​မေ​မေတို့ကို ကိုယ်ဝန်ရှိတယ်လိမ်လို့ရတာလည်းထိထိရဲ့ အ​ခြေအ​နေကိုအိမ်သား​တွေကသိ၍ ယုံကြတာဖြစ်သည်။

ဒီနှစ်ပတ်အတွင်းဖုန်းမဆက်ရဲတာ ​ဆေးသွင်းလို့ နာကျင်​နေသည့် အသံ​တွေနဲ့ဆို သူသတိထားမိသွားမှာစိုးသည်။ အမြဲလှုပ်လှုပ်ရွရွ ​ဗရုတ်ကျ​နေတတ်​သောထိထိ ​ဆေးရုံခန်းကြီးမှာ မလှုပ်မယှက်​နေ​နေရတာအ​တော်ဆိုးရွားလွန်းသည်။​​ခေါင်းမာတဲ့သူမို့ အ​ဖော်လည်းမ​ခေါ်။ ကိုယ့်ဘာသာကိုယ်စိတ်ကြိုက်စစ်​ဆေးမှုခံယူခဲ့သည်။ ​​ဆေး​တွေလည်းသားအိမ်အား​ကောင်း​အောင်သွင်းခဲ့ရသည်။နောက်ထပ်လနည်းနည်း​ထပ်စောင့်ရင် ထိထိတို့အတွက် ပိန်းဥ​လေး​တွေ သ​န္ဓေတည်လို့ရ​လောက်ပြီ။ အဓိက က အသည်းကြီးကိုစိတ်​ကောက်​ပြေ​အောင်​ချော့ပြီး နှစ်​ပေါက်တစ်​ပေါက်ရိုက်ကာ မျိုးရိုးဗီဇယူရမည်။

အခု​တော့ သူတွန်းလိုက်တဲ့အရှိန်​ကြောင့် ခါးစပ်ကနည်းနည်းနာသွားသည်။ က​လေးမရှိ​သေးတဲ့အချိန်မို့​တော်​သေးသည်ဆိုရမည်။

"မင်းက ဘာကိစ္စ ငါ့ကိုမျက်နှာ​ပြောင်တိုက် လာ​တွေ့ရဲတာလဲ။"

(ငါ့ကိုနည်းနည်း​လေးမှ​တောင်စိတ်မဝင်စားခဲ့ဘဲ... ဖုန်းတစ်ချက်​တောင်စမဆက်ဘူး ​​ကောင်စုတ်​လေး)

ထိထိ သန်မာသ​ယောင်​ဆောင်ပြီး စားပွဲခုံစွန်းကိုကိုင်ကာမနည်းထရပ်လိုက်ရသည်။သူ့​ရှေ့မှာမ​ပျော့ညံ့ပြနိုင်ပါ။ သူလုပ်ချင်သလို လုပ်လို့ရသည့် ခပ်​ပျော့​ပျော့​ကောင်စားလို့ထင်သွားမှာကို မလိုလား​ပေ။

"ခင်ဗျားက​​ရော... ဘာမ​ပြော ညာမ​ပြောနဲ့ ဘာကိစ္စထွက်​ပြေးသွားတာလဲ။ အလကား​နေစိတ်​ကောက်တတ်တဲ့ ၁၆နှစ်မ​လေး ကျလို့... ခင်ပွန်းနဲ့စိတ်ဆိုးတိုင်းအိမ်ကထွက်သွားတဲ့လူကမှားသလား။ မ​ပြောမဆိုထွက်သွားတဲ့လူအိမ်ပြန်အလာကို ​စောင့်​နေတဲ့ လူကမှားသလား။ဦး​နှောက်ပါရင်စဥ်းစားကြည့်"

 ငါ့​​​ယောကျာ်းက girl allergicရှိတယ်(Completed)Where stories live. Discover now