Part-14

6.1K 603 46
                                    

ထိကရုန်း၊ ဇမ်း နဲ့ မြူတို့ဆိုတာ ပုဆိုးကွင်းသိုင်းနှပ်​ချေးတွဲ​လောင်းဘဝတည်းကတစ်​ယောက်​ပေါ်တစ်​ယောက် ကလိမ်ကျပြီး​ခြေထိုးခံ​ပေါင်းလာတဲ့သူ​တွေ..

သူတို့အချင်းချင်းသာ ရန်သတ်ရင်သတ်မယ်။အပြင်လူဝင်လာလို့​တော့မရ။ သုံး​ယောက်​ပေါင်းပြီး​ဆော်လွှတ်လို့ ကွဲပြဲရသည်လည်းမနည်း။အကုန်လုံးကလည်းဇနဲ့...

ဗလသာမရှိရင်​နေမယ်။အရိုးပိန်အားနဲ့ လာထိသမျှလူကိုစည်းစည်းလုံးလုံးပြန်ပညာပြတတ်လို့​ကျောင်းတုန်းကသူတို့အဖွဲ့ကိုလက်လန်ကြသည်။ဒီရွန်ဆိုသည့် ငချွတ်​ကျောင်း​ပြောင်းမလာခင်အထိ​ပေါ့။

"အချဥ်​ပေါင်းတစ်ထုပ် သွားဝယ်ကွာ
​ရော့ မုန့်ဖိုး၅၀"

ထိထိတို့က သူ့ဟာသူ​နေတဲ့​ကျောင်းသား​တွေအ​ပေါ်ဗိုလ်မကျ။ စကားကြီးစကားကျယ်နဲ့အငယ်တန်း​တွေကိုအနိုင်ကျင့်တတ်တဲ့ ဗလ​တောင့်​တောင့်​ကောင်​တွေကိုသာသုံး​ယောက်​ပေါင်းပြီး ဗိုလ်လုပ်သည်။

"၅၀က သကြားလုံး၂လုံးပဲရ..ရ"

"လျှာရှည်လိုက်တာ... အဲ့၅၀​တောင်မလိုချင်ဘူးလား... ​ပေး​ပေး"

"မဟုတ်ပါဘူး ယူပါ့မယ်။ အချဥ်​ပေါင်းဘယ်​လောက်ဖိုးလဲ။"

"ငါတို့သုံး​ယောက်စားဖို့ ၅၀၀ဖိုးဝယ်ခဲ့
​ဂွေးသီးပိုထည့်​ပေး"

ထိုအချိန်ကပင် အချဥ်​ပေါင်းဝယ်ရင် ၂၀၀ဖိုးမှ​ရောင်းသည်။ အ​အေးတစ်ခွက် ၁၀၀မို့ ထိထိတို့​ပေး​သော၅၀သည်တကယ့်ကို သကြားလုံးဖိုးသာ..

အချဥ်​ပေါင်းတစ်ထုပ်ကိုသုံး​ယောက်စားပြီး စည်းလုံးစွာဖြတ်သန်းလာတဲ့​နေ့ရက်​​တွေကအ​တော်​လေးသာယာလှသည်။

သူတို့အနိုင်ကျင့်လိုက်တဲ့​ကောင်က ဒီရွန်တို့လည်း​ရောက်လာ​တော့ အာခံ​လေသည်။ထို့​ကြောင့် ထိထိတို့အုပ်စုနဲ့ အဲ့အကျင့်ယုတ်​ကောင်အုပ်စုကဘယ်​နေရာ​တွေ့​တွေ့ရန်သူဖြစ်ခဲ့သည်။

၇တန်းနှစ်က၁၂နှစ်သားလူပျို​ပေါက်​တွေမို့​ကျောင်းမှာ အားကစားပွဲ​တော်တစ်ခုခုဆိုထိထိတို့လူတွင်ကျယ်လုပ်ကြသည်။

 ငါ့​​​ယောကျာ်းက girl allergicရှိတယ်(Completed)Where stories live. Discover now