Part-27

4.5K 483 91
                                    

သထုံ အခန်း​ရှေ့မှာဒူးချိတ်ထိုင်ပြီး​စောင့်​နေလိုက်သည်။ထိထိဘာ​ပြောလိုက်လို့လဲမသိ။ အဘိုးကြီးမူးလဲသွားလို့နှာနှပ်​နေကြ​တော့ တစ်အိမ်လုံးအဲ့ထဲမှာစု​နေကြကာ သထုံ့ကို​တော့မယ်မဒီကအပြင်နှင်ထုတ်ထားတာဖြစ်သည်။

"ကျစ်... သူများကြင်စဦးကိုမှ..."

​မေတ္တာထိုင်ပို့​နေလို့လည်းမပြီး​ချေ။မိမိကိုယ်တိုင်ကထိုသို့ဖြစ်​အောင်တမင်ကြံစည်ခဲ့သည်မဟုတ်ပါလား။

ထမင်းတစ်အိုးချက်​လောက်ကြာသွား​တော့မှ ဆရာဝန်ပြန်သွားကာ ထိထိလည်းအထဲက ထွက်လာသည်။

သူ့အနားကို​ပေါ့​ပေါ့ပါးပါးဝင်ထိုင်လိုက်တဲ့ထိထိ​ကြောင့်မျက်ခုံးပင့်သွားရသည်။

"ခင်ဗျားနဲ့ထိထိကို ကွာရှင်းခိုင်း​နေတယ်။ ဒါ​ပေမဲ့ စိတ်မပူပါနဲ့။ ထိထိ​ဖြေရှင်းပြီးပါပြီ။ သူတို့ထပ်မခွဲ​တော့ဘူး စိတ်ချ"

​ချွဲတဲတဲ​လေး​ပြောပြီး သူ့လက်​မောင်းကိုအတင်းဖက်တွယ်လာ​တော့ နားမလည်သလိုပြန်ကြည့်မိသည်။ဘယ့်နှယ့်အဘိုးကြီးက​အေး​ဆေး​နေရမှာလဲ။တကယ်ဆို သူ့ကိုအိမ်​ပေါ်ကဆင်း​အောင်​မောင်းထုတ်မှာလို့ထင်ခဲ့တာ...

"မင်းဘာမဟုတ်တာ​တွေ​မွှေပြန်ပြီလဲ။ မင်းဘကြီးလွယ်လွယ်နဲ့ လက်​​လျှော့တဲ့လူစားမျိုးမဟုတ်မှန်းငါသိပြီးသား... ​ပြော မင်းလုပ်ခဲ့တဲ့ကိစ္စ..."

(ဘယ်​လောက်​ခေါင်းမာတဲ့လူလဲဆိုရင် မိခင်အ​လောင်း​ ရှေ့က​နေက​လေးတစ်​ယောက်ကို တရားခံ​ပြေးလိုဖမ်း​​ခေါ်ခဲ့တဲ့လူစားလေ)

ထိထိ သထုံ့ကိုပိုမှီတွယ်ကာတိုးတိုး​လေးနှုတ်ခမ်းလှုပ်ရုံ​ပြောတာမို့​သေချာမကြားလိုက်မိ။

"...."

"ထိကရုန်း!!!
မင်းအသံဝင်​နေလို့လား။အ,သွားတာလား။ ငုံ​ဆေးပြား​သောက်ပြီး ပြန်​ပြော။ ည​နေက​တော့အာကိုပြဲလို့..."

ထိထိ​လေး စိတ်ညစ်လာပြီ။ရှက်လို့ပါဆို ဒီလူကြီးက​တော့...

သို့​သော် အ​မွှေစိန်​လေးထိထိသူရှုပ်ထားတာ သူဖြည်ရမှာပဲမို့ အသည်းကြီး နားပိုတိုးလိုက်ပြီးမှအားတင်းဖွင့်ဟလိုက်သည်။

 ငါ့​​​ယောကျာ်းက girl allergicရှိတယ်(Completed)Where stories live. Discover now