Part-51

4.1K 378 154
                                    

ခွဲစိတ်ခန်းရှေ့မှာအသက်၂၀ကျော်အမျိုးသားငယ်လေးတစ်ဦးဒူးထောက်လျက်စောင့်နေခဲ့သည်။

စက္ကန့်တိုင်း မိနစ်တိုင်းမှာ ရသမျှဘုရားစာရွတ်လို့ခင်ဗျားအတွက်သက်သာရာရလိုရငြားဆုတောင်းမိတယ်။ ဘုရားက ကျွန်တော်တို့ကိုမျက်နှာသာပေးပါ့မလား။ လိင်တူချစ်ခြင်းကိုမနှစ်သက်ရင်တောင်လူတစ်ယောက်အသက်ကိုတော့ကယ်နိုင်ကောင်းပါရဲ့။ကျွန်တော့်အားကိုးရာက အသက်‌အန္တရာယ်နဲ့ရင်ဆိုင်နေရတယ်လေ

"သား ထိထိ ခုံပေါ်မှာထိုင်စောင့်ပါလား။"

မေမေအနားမှာလာနေပေးပြီးပြောပေမဲ့ထိထိမယုံနိုင်သေး။ မျက်မြင်ကိုယ်တွေ့ကြုံရတာတောင်သူမယုံချင်သေးပေ။

"သားသားတို့ရော မေမေ"

မယ်မဒီစိတ်ဆင်းရဲလွန်း၍သားနှင့်အတူဒူးထောက်ထိုင်ကာ ကလေးအား ရင်ငွေ့ဖြင့်နွေးစေသည်။

"သီးသန့်ခန်းမှာ မေမေ သိပ်ထားခဲ့တယ် ဒေါက်တာဉာဏ်သစ်နဲ့ ထွေးတို့သားအမိစောင့်ပေးနေတယ် သား"

"သားသွားကြည့်ချင်တယ် မေမေ ဒါပေမဲ့..."

ထိထိခြေကကြွလို့မရအောင်တစ်စက္ကန့်တိုင်းကိုဦးသထုံအားစောင့်စားရန်ခိုင်းစေနေသည်။

'ချစ်သူ ခင်ဗျား သိလား
ကလေး ၃ယောက်ကို ကျွန်တော် ခင်ဗျားလောက် ဦးစားမပေးမိဘူးဆိုတာ
တောင်းပန်ပါတယ် တော်ရုံပဲမူပါတော့ ဗျာ
ပြန်လာခဲ့ပါ လူဆိုးကြီး‌‌ရာ'

သူ့အားစောင့်ဆိုင်းရန်နှစ်ပေါင်းကြာချီမည်ဆိုလျှင်တောင်ထိထိစိတ်ပြောင်းသွားမည်မဟုတ်ပေ။

"ဟဲ့ ခုနကဆေးရုံကိုဝက်အူလှည့်ကြီးတန်းလန်းနဲ့လူနာရောက်လာတယ်ဆို"

"အေးဆို ကြောက်စရာဟယ်"

"လူကောင်းတွေရောဟုတ်ရဲ့လား"

"ဘယ်သိမလဲ။"

"တောက်!!!"

အပြင်ဝတ်နဲ့လူနာစောင့်လို့ထင်ရတဲ့မိန်းမတွေက သူမသမက်ကို မကောင်းတဲ့လူလိုလိုပြောနေတာမြင်တော့မယ်မဒီတောက်ခေါက်မိသည်။

"ဆေးရုံက တွေ့ကရာ လူဝင်ခွင့်ပေးတာပဲလား
သူများတကာပူဆွေးနေချိန်အကဲဖြတ်နေတဲ့ခင်ဗျားတို့ကရော လူကောင်းလား။"

 ငါ့​​​ယောကျာ်းက girl allergicရှိတယ်(Completed)Onde as histórias ganham vida. Descobre agora