Part-48

3.9K 340 228
                                    

Jade Flower ရဲ့ Bar counter မှာလူ၃​ယောက် အနက်​ရောင်ဝတ်လူတစ်စုဝန်းရံခံထားပြီး ​​လောကစည်းစိမ်ခံစားကာ အ​ကြောင်းအရာတစ်ခုကို​ဆွေး​နွေး​နေကြသည်။

"ပြည်ဝင်ခွင့်အတွက် ပြင်ပြီးပြီလား ရှင်းရ​ဝေ"

တင်မာလာ နုပျို​အောင် ဆယ်ခါထက်မနည်းခွဲစိတ်ပြုပြင်ထား​သောသူမမျက်နှာသွယ်သွယ်ကို လက်သည်းချွန်​တွေနဲ့​ထောက်ပြီး​မေးလိုက်သည်။

"အကုန်အသင့်ပဲ...အရင်တစ်ခါ ကျုပ်​လောသွားလို့ ခံလိုက်ရတာ အခု​တော့ အချိန်​သေချာတွက်၊ အကွက်​စေ့ချပြီး အမြစ်ပြတ်​ချေမှုန်းပစ်မယ်... ဧဃသထုံ ကျဆုံးခန်းကို ခင်ဗျားတို့​တွေ့ရမှာပါ သိပ်မလို​တော့ဘူး"

ဖိုး​ခွေး​ရော တင်မာလာ ပါ ​ခေါင်းတညိတ်ညိတ်နဲ့​ကျေနပ်သွားကြသည်။

ဖိုး​ခွေးက သူ့အင်္ကျီအိတ်ကပ်ထဲက အ​ရောင်လွင့်ခါနီး​သောလသားအရွယ်က​လေး​လေးပုံကိုထုတ်ကြည့်ရင်း ​မေး​နေကျဖြစ်​သော​မေးခွန်းတစ်ခုကိုတင်မာလာအား​မေးပြန်သည်။

"ကျုပ်တို့သား​သေရတာ ဘယ်သူ့ပ​ယောဂ​ကြောင့်လဲ မတင်"

တင်မာလာလက်သည်းနီနီဆိုးထားတဲ့လက်ဖြင့် စားပွဲကိုကုတ်ခြစ်ကာ မုန်းတီးစွာ​ခြောက်ကပ်ကပ်အသံဖြင့်​ဖြေသည်။

"ဧဃသထုံ သတ်လိုက်တာ..."

ဂျိန်း...

မိုးကြိုးပစ်သံနှင့်အပြိုင် စားပွဲ​ပေါ်မှပုလင်းတစ်လုံးကလည်းလူတစ်​ယောက်​ဒေါသ​ကြောင့် အသိတ်စိတ်အမွှာမွှာကွဲသွား​လေသည်။

"ဒါဆို သူတို့သားနဲ့ပြန်​ပေးဆပ်ရမှာ​ပေါ့ "

"ဟုတ်တယ်။ သူတို့ကိုတိုက်ရိုက်နာကျင်​အောင်လုပ်တာထက် သူတို့က​လေး​တွေကိုနာကျင်​အောင်လုပ်တာက ပိုခံစားရမယ် ငါတို့သား​လေးကို ဒင်းလုပ်ခဲ့သလိုမျိုးပြန်​ပေးဆပ်ရမယ်။"

"ငါတို့သား​လေး ​သေသလို မင်းတို့ရဲ့မျိုးမစစ်​လေး​တွေလည်း​သေ​စေရမယ်။ ဧဃသထုံ... ထမင်းဝ​အောင်စားထား​ပေ​တော့..."

ရှင်းရ​ဝေ အမုန်းမီးလျှံမျက်လုံး​တွေနှင့်အ​ရောင်လက်​နေသူနှစ်ဦးကိုကြည့်ပြီး​ကျေနပ်အားရမိသည်။

 ငါ့​​​ယောကျာ်းက girl allergicရှိတယ်(Completed)Wo Geschichten leben. Entdecke jetzt