Part-35

5.4K 500 82
                                    


"ထိထိနဲ့ အခန်းအတူသုံးမှာလား။"

သထုံ ပိန်းဥ​လေး​ဖေ​ဖေကိုရှုတည်တည်ခါး​ထောက်ပြီးကြည့်လိုက်သည်။

"ဒီမှာထိကရုန်း... မင်းနဲ့ကိုယ်အိမ်​​ထောင်သက်ဘယ်​လောက်လဲ။"

"၅လ"

ထိထိလက်ငါး​ချောင်း​ထောင်ပြ​တော့သထုံ​ခေါင်းညိတ်ပြီး စိတ်ဆိုးမာန်ဆိုး​ပြောသည်။

"​အေး... အဲ့၅လမှာ မင်းနဲ့ကိုယ် ခွဲအိပ်တဲ့အ​ရေအတွက်က ၄လနီးပါးရှိတယ်ကွ သိလား။ ဒါကို ကိုယ်က ထပ်ခွဲ​နေစရာလား။ ထိထိ ထိထိ မင်းက မရခင်တစ်မျိုး... ရပြီးတစ်မျိုး​နော်"

ထိထိတခိခိရယ်ပြီးက​လေး​လေးအ​ဖေကြီး​​ပေါက်ကွဲ​အောင်​လောင်စာထပ်ထည့်ချင်​သော်လည်းအခု သူ့စိတ်ထဲတွင် သိချင်တာ​တွေများလှသည်။

"ခွဲ​​နေရတဲ့အဓိက တရားခံက​ရောဘယ်သူလဲ။ထိထိဗိုက်ပူတာ​တောင်ဘယ်လိုကြံစည်ခဲ့ရတာလဲ။ ​ပြောပါဦး။ပြီး​​တော့ ခင်ဗျားကမရိုးသားဘူး။ မိုးကြာဖြူကိစ္စမှာ ခင်ဗျားအမူအကျင့်​တွေ​ပြောင်းသွားတယ်။ ​ထိထိမှတ်မိသ​လောက် နော်​ဝေကပြန်လာပြီးမှ ဖြစ်တာပဲ။ အဲ့ခွဲ​နေတဲ့တစ်လအတွင်းမှာ Darling ဘာ​တွေလုပ်ခဲ့လဲ။ မှန်မှန်​ပြော... ထိထိမသင်္ကာဘူး။"

ထိထိရဲ့ ​ချောင်ပိတ်​မေးခွန်း​လေး​တွေ​ကြောင့် သထုံသက်ပြင်းချပြီး ပိန်းဥ​လေးကိုတိုင်တည်ကာ ​စိတ်​ကျေနပ်​အောင်​ဖြေရ​တော့သည်။

"ထိထိရဲ့ သိက္ခါအတွက်... ကိုယ်တို့အနာဂတ်​လေးပိုလှပဖို့အတွက် ကိုယ် မှတ်ဥာဏ်ဆိုး​တွေ​ဖျောက်ခဲ့မိတယ်။"

ထိထိမှာ အံ့အားသင့်သွားရရှာသည်။

"ဟင်... မိုက်မဲလှချည်လား။ ထိထိက ခင်ဗျားဘာဖြစ်ဖြစ်သ​ဘောတူလက်ခံချစ်​နေမဲ့ဟာ...ထိထိကိုအဲ့လိုမတိုင်ပင်ဘဲလုပ်ချင်ရာလုပ်ရတာ​ပျော်လား ဟင့်... Darling ခန္ဓာကိုယ်က ထိထိအပိုင်ဟာကို..."

ပိန်းဥ​လေး​ဖေ​ဖေထပ်စိတ်ဆိုးမှာ​ကြောက်တာ​ကြောင့်သထုံ​ခြေမကိုင်မိ၊လက်မကိုင်မိဖြစ်ရသည်။

"ဒါဆို ထိထိလည်း ကိုယ်မသိ​​အောင် ပိန်းဥ​လေးယူတာပဲ​လေ ​ကျေပြီ​ပေါ့"

 ငါ့​​​ယောကျာ်းက girl allergicရှိတယ်(Completed)Where stories live. Discover now