Part-41

4.6K 471 202
                                    

"ဦးဧဃသထုံ ထွက်​ပြေးဖို့မစဥ်းစားပါနဲ့။ အသာတကြည်လိုက်ခဲ့ပါ။ ခင်ဗျားဘက်ငဲ့ညှာ​တဲ့အ​နေနဲ့လက်ထိပ်နဲ့မ​ခေါ်ပါဘူး။ ထွက်​ပြေးမယ်ဆို ဝရမ်းထုတ်ရပါမယ်။"

ထိထိ ​ယောကျာ်းနဲ့ သစ်သီးစား​နေတုန်း အဖျက်ဝင်လာ​တော့ စိတ်ပျက်သွားရသည်။

မယ်မဒီ့အိမ်​ရှေ့မှာ ရဲကားတချို့​ရောက်​နေပြီး နာမည်ကြီးသူ​ဌေးရှိ​သောအိမ်ကိုဝိုင်းထားကြသည်။

သို့​သော် သထုံက ဟန်မပျက်ဧည့်ခန်းဆိုဖာ​ပေါ်မှာ ထိထိ ခွံ့တဲ့ စ​တော်ဘယ်ရီကို ကိုက်ချိန်ရ​သေးသည်။ တံခါး​ရှေ့က ရဲဝန်ထမ်းအုပ်ကြီးကိုနှစ်​ယောက်လုံး​မေ့ထားကြပါသည်။

"Daddy ထ​တော့ကွာ
ပိန်းဥ​လေး​တွေ အိပ်တုန်း လိုက်သွား"

ဘုန်း...

အဖမ်းခံရမှာကို ကြည်နူးချိန်ရ​သေး​သောလူနှစ်ဦးအား ရဲအုပ်ကြီးမှာ တံခါးဖျက်ဝင်​ရောက်လာချိန်အံ့ဩသွားရသည်။

"အမ​လေး... ငါ့တံခါးလေးပဲ တစ်ဆိတ်ရှိထိ​နေကြတယ်။ မင်းတို့ပြန်​လျော်​ပေးစမ်း
မဟုတ်ရင်ငါလှမ်းတိုင်မှာ​နော်"

စုံ​ထောက်​တွေနဲ့ ရဲသားတချို့မျက်နှာက ရှုပ်​ထွေးကာ ​ဧဃသထုံ ​ယောက္ခမကို ထူးဆန်းသလိုကြည့်​နေကြသည်။

ဘာလဲ။သူ့သားမက်က တံခါး​တစ်ချပ်လောက်အဖိုးမတန်ဘူးလား။

သားမက်လုပ်သူ အချုပ်ကျမှာမစိုးရိမ်ဘဲတံခါးဖျက်လို့အ​လျော်​တောင်းတဲ့မိသားစုအား သူတို့နားမလည်နိုင်ကြပါ။

"​မေ​မေ တံခါးဖိုး​​ကိုရေး​ပေးလိုက်
ဖြည်းဖြည်းသက်သာမလုပ်ဘူး။ ဖျက်ဝင်ရ​အောင် လူက​ပြေး​နေလို့လား။ တကတဲ..."

လူအုပ်ကြီးမျက်နှာက အူလည်လည်နှင့် ထိထိတို့ကို​ပြောစရာ​တောင်​ပျောက်ရှ​နေသည့်ပုံ...

အပြင်က​နေ Speaker ခွက်နဲ့​အော်​ပြော​နေတာကိုထွက်မလာကြ​တော့ သူတို့လည်းတံခါးဖျက်ရတာ​ပေါ့။ တံခါးကလည်းပွင့်မှမပွင့်​ဘဲ...

"ခဏ​စောင့်... အသီးစားပြီးရင်လိုက်ခဲ့မယ်"

ထိထိခွံ့တာကို အလဟဿမဖြစ်​စေချင်၍သထုံကုန်​အောင်စားပြီးမှသွားဖို့​ပြောလိုက်သည်။

 ငါ့​​​ယောကျာ်းက girl allergicရှိတယ်(Completed)Where stories live. Discover now