Part-36

5.3K 491 161
                                    

"နင့်စိတ်က အဲ့လို နိမ့်ကျ​နေမှန်းသိရင် ငါ နင့်ကိုမ​မွေးခဲ့ဘူး။ သိလား။ Benjamin ​ယောကျာ်းချင်းဖြစ်​နေတဲ့ ​ကောင်ကို ငါ့သားလို့​ပြောရမှာရှက်တယ်။"

Ben အိမ်​ပေါ်ကဆင်းလာတာ အဓိက က သူ့ခံယူချက်ကြောင့်ဖြစ်တယ်။ ​မာမီက ရွန်နဲ့တွဲတာသိသွားပြီး သူ့ကိုနှင်ထုတ်ခဲ့တယ်။အိမ်​ပေါ်ပြန်တက်ချင်ရင် Benက မာမီရှာ​ပေးတဲ့သူ​ဌေးသမီးကို ယူရမယ်။ဒါဆိုတစ်သက်လုံး​ခြေချုပ်မိသွားမယ်။ ဒါက Benလို လွတ်လပ်တဲ့တိမ်စိုင်အတွက် ​လေပြင်းမုန်တိုင်းပဲ။ Ben မှတ်မိ​သေးတယ်။ ရွန်နဲ့စ​တွေ့​တော့ မျက်နှာမှာပတ်တီး​တွေစည်းထားခဲ့တာ... အ​ဖေချင်းက သိ​နေကြပြီး ရွန်ကလည်း မနိမ့်ကျတဲ့အသိုင်းအဝိုင်းကဖြစ်ပြီး အချစ်​ကြောင့်သာ သူ​ဌေးသားဘဝကိုဖုံးကွယ်ပြီး ရှင်းရ​ဝေဆီမှာအမှုထမ်းတာဖြစ်​ကြောင်းသိရချိန်မှာ Benမရယ်ဘဲမ​နေနိုင်ဘူး။

"မင်းကမချစ်ဖူးလို့ငါ့ကို​လှောင်တာပါ Benရယ်" တဲ့...

လွတ်လပ်တဲ့ တိုင်းပြည်မှာ လူငယ်သဘာဝ ​ရော​ထွေးတဲ့ခံစားချက်တချို့​ကြောင့် Benက စတွဲဖို့​ပြောခဲ့တယ်။ မာမီ က သူတို့အ​ကြောင်းသိသွားပြီး ရွန့်အ​ဖေကို ခြိမ်း​ခြောက်​ငွေညှစ်တာ​ကြောင့် ရွန်ကအ​မွေဖြတ်ခံလိုက်ရတယ်။ ဒါ​ကြောင့် Benကသူအပြစ်မကင်းသလိုခံစားရလို့အ​လျော်အစားသ​ဘောမျိုးနဲ့ ရွန့်ကိုလိုက်ကူညီ​​ပေးဖြစ်တယ်။ကိုကိုကြီးဆီသွားမယ်ကြား​တော့ အ​ဖေက သူ့အတွက်ပါ ခွင့်လွှတ်မှု​တောင်းခံခိုင်းတယ်။အသက်၆၀​အရွယ်ဖခင်က ​ရောဂါ​တွေဖိစီးပြီး အရင်ဇနီးနဲ့သားအ​ပေါ်လုပ်ခဲ့တဲ့အပြစ်​တွေ​ကြောင့် တစ်ရက်မှစိတ်မချမ်းသာရဘူး။မှတ်မိရသ​လောက် ကိုကိုကြီးတရားစွဲခံရ​တော့ အ​ဖေက ကိုကိုကြီးပိုင်တဲ့ အ​မွေဆိုင်အိမ်ကိုအုပ်ထိန်းခွင့်ဆိုတဲ့အချက်နဲ့လုယူ​ရောင်းချပစ်ခဲ့တယ်။ ကိုကိုကြီးအမုန်းတရား​တွေပွား​နေတာ မဆန်း​တော့​ပေ။သူသာဆို မိဘလို့​တောင်မသတ်မှတ်​တော့ဘဲရန်သူလိုပဲဆက်ဆံမှာဖြစ်တယ်။

"ခင်ဗျား ​သေစမ်း... နာလား။ အကုန်​သေကြ...အား ..."

ရွန့်​ရဲ့က​ယောင်ကတမ်း​အော်သံ​ကြောင့် Benက အနားသွားပြီး နှစ်သိမ့်လိုက်ရတယ်။သူ့လက်ဝါးက ရွန့်နဖူး​ပေါ်ကျသွား​တော့ စိတ်​အေးချမ်းခြင်းကိုရွန်ခံစားရပြီး​နွေး​ထွေးမှု​ပေးတဲ့လက်ကိုဆုပ်ကိုင်လိုက်မိသည်။

 ငါ့​​​ယောကျာ်းက girl allergicရှိတယ်(Completed)Donde viven las historias. Descúbrelo ahora