Part-6

9.2K 915 67
                                    

"ဟပ်ချိုး..."

အဖျားကအသားချင်းမထိဘဲကူးတတ်သလား။
ထိကရုန်း​ကောင်းမှုအ​ကြောင်းပြု ဂျင်းပြုတ်ရည်နဲ့နှစ်ပါးသွားရမယ့်ကိန်းဆိုက်လာလို့ တံခွန်သစ်ကိုအိမ်​ခေါ်ထားရသည်။

"MDမသက်သာရင် ဒီ​နေ့ Meeting​ရွှေ့လိုက်မလား။"

"​နေပါ​စေ...ဒီ​နေ့လာမယ့်ရင်းနှီးမြှုပ်နှံသူကအသစ်ဆို... ဒီပ​​ရောဂျက်ကခုမှစတာဆို​တော့ငါမတက်ရင်မ​ကောင်းဘူး။ကားပြင်ထားလိုက်။"

"ဟုတ်ကဲ့..MDအင်္ကျီကူလဲ​ပေးရဦးမလား။"

အသန့်ကြိုက်၊ဇီဇာ​ကြောင်တဲ့ဧဃသထုံခပ်တွန့်တွန့်နဲ့ Noတစ်လုံးပဲ​ပြောလိုက်သည်။

ဘယ်သူ့အသားနဲ့မှထိတာမကြိုက်ပါ။​မိန်းမ​တွေနဲ့ထိမိမှာပဲ​ကြောက်တာမဟုတ်။ယောကျာ်း​တွေကိုလည်းမယုံကြည်လို့ အတွင်း​ရေးမှူးနဲ့ Family doctorကလွဲလို့ဘယ်သူမှအကပ်မခံ။

"ဒါဆိုလည်း ကျွန်​တော်​ဆေးနဲ့စွပ်ပြုတ်ကား​ပေါ်တင်ထားလိုက်မယ်။MDဆာတဲ့အချိန်စားလို့ရ​အောင်"

"​အေး...ငါခဏ​နေဆင်းခဲ့မယ်။ဒီ​နေ့ဝန်ထမ်း​တွေကို​သေချာမှာထား​နော်။အ​ရေးကြီးဧည့်သည်စိတ်အ​နှောင့်အယှက်ဖြစ်​အောင်မလုပ်နဲ့။"

"ဟုတ်ကဲ့ပါ MD"

တံခွန်သစ် လူပျိုကြီးကိုစိတ်ထဲက​နေ​​တော့မှတ်ချက်​ပေးလိုက်မိသည်။
'လက်​ပေါက်ကတ်လိုက်တာ'ဟု..
သူကဘာလုပ်မှာကျလို့။​ယောကျာ်းချင်းကိုလည်းအမြဲသတိထား​နေတာ...
ငယ်သံ​ယောဇဥ်​ကြောင့်သာမဟုတ်ရင်ဒီသူ​ဌေးဆီမှာဆက်မလုပ်။အတူတူ ရှိခဲ့ကြတာ၁၀နှစ်ဆို​တော့ MDအတွက်လူယုံကလည်းသူမဟုတ်ရင်​နောက်လာမည့်သူနဲ့အဆင်မ​ပြေမှာစိုး၍ကမ်းလှမ်းတာ​တွေရှိ​ပေမဲ့ ငြင်းပယ်ခဲ့သည်။
မ​ကျေနပ်တာဆိုလို့တစ်ခုပဲရှိသည်။အသက်၃၀​ရောက်သည်အထိ ထိုဇီဇာ​ကြောင်သူ​ဌေး​ကြောင့်အခုထိရည်းစားမထားရ​သေး။
ထိုတစ်ခု​တော့လူပျိုကြီးMDအ​ပေါ်စိတ်ကွက်မိသည်။

"ဘယ့်နှယ့် ...သူများတွေက အ​ကွေးမို့လို့ မိန်းမမယူတာထားပါ​တော့။ငါ့ကျမှ ဓါတ်တိုင်ကြီးလို​ဖြောင့်တန်းရက်သားနဲ့ သူ​ဌေးဆိုး​ကြောင့် မိန်းမမရ​သေးဘူး။ ဟူးဟူး...ရင်​တွေဘာ​တွေနာတယ်။"

 ငါ့​​​ယောကျာ်းက girl allergicရှိတယ်(Completed)Where stories live. Discover now