Part-10

7K 741 32
                                    


ဆိုဖာ​ပေါ်မှာထိုင်​နေတဲ့သူက ဧဃသထုံအလွန်​ကြောက်​သော ထိကရုန်း၏အလွဲများပိုင်ရှင် ​မွေးသမိခင်ဖြစ်ပြီး ကုမ္ပဏီပိုင်ရှင်Top 10 သူ​ဌေးကြီးဧဃသထုံမှာ​​ သူမနဲ့ခပ်​ဝေး​ဝေးအကွာအ​ဝေးတစ်ခုမှာမတ်တပ်ရပ်ပြီး မျက်နှာထားတင်းတင်းနဲ့​ချွေး​စေးများပြန်​နေကာငို​နေ​​သောထိကရုန်းကိုစိတ်ရှုပ်စရာလိုကြည့်​နေ​လေသည်။

"ကဲ ​ပြောပါဦး။ဘယ်လိုဖြစ်ပြီး အ​ဝေးသင်နောက်ဆုံးနှစ်တက်​နေတဲ့ငါ့သားက မင်းဆီမှာကြမ်းတိုက်​နေရသလဲဆိုတာ.."

ဧဃသထုံကို Eye-shadow​တွေ​အောက်ကမျက်ဝန်းစူးရှရှနဲ့ ခက်ထန်စွာ​မေးတဲ့အမျိုးသမီး​ကြောင့် လွန်ခဲ့​သောနှစ်၂၀ကတစ်စုံတစ်​ယောက်ကိုဘာမဆိုင်ညာမဆိုင်သွားသတိရမိသည်။

​တောက်...ငါက အဲ့အမျိုးသမီးကိုဘာကိစ္စ​တွေးမိသွားရတာလဲ။

​ချွေး​တွေပြန်​နေတဲ့ Boss​ကြောင့် ထိထိငိုယို​နေတဲ့ကြားမှ ​မေ​မေ့ကိုဆက်မ​ပြောရန်လက်တို့ပြီးမျက်ရိပ်ပြ​ပေမဲ့ ​မေ​မေက ထိထိလက်ကိုတွန်းထုတ်သည်။

"ဖယ်စမ်းပါ။ ထိကရုန်း... ​မေ​မေပိုင်တဲ့အ​ဆောက်အအုံကမနည်းဘူး​နော်။​မေ​မေတို့အ​ခြေအ​နေနဲ့ တကယ်ဆို နင်အလုပ်လုပ်စရာ​တောင်လိုတာမဟုတ်ဘူး။ဒီလို သန့်ရှင်း​ရေးလုပ်​နေတာက နင် ငါ့သိက္ခါကိုချ​နေတာ.."

"ဟာ... ​မေ​မေကလည်း သားမပင်ပန်းပါဘူး။Bossကသ​ဘော​ကောင်းတယ် ​မေ​မေရဲ့..
သားကို ရာထူးတိုး​ပေးမှာလို့ ​ပြောထားတယ်​လေ"

ထိုအခါငြိမ်နား​ထောင်​နေ​သော ​ထွေးကညာပျိုနဲ့ ဧဃသထုံက ထိကရုန်းကိုသရဲသဘက်လိုကြည့်လာသည်။

အ​တော်သွက်သွက်ခါရူး​နေတဲ့သူ​ဌေးမှ ဒီလိုဗရုတ်ကျပြီးတလွဲ​တွေချည်းလုပ်​နေတဲ့လူကိုရာထူးတိုး​ပေးမှာဖြစ်သည်။အခု ထိကရုန်းက စိတ်​ရောမှန်​သေးရဲ့လား။သူ့ကိုလည်းဧဃသထုံရာထူးတိုး​ပေးမယ်မ​ပြောမိပါ။လစာပို​တောင်းလို့အလုပ်ပိုတိုး​ပေးလိုက်တာပဲရှိတာ...

"ထိကရုန်း... မင်းစိတ်မှန်​သေးလား
ငါမင်းကိုရာထူးတိုး​ပေးမယ်မ​ပြောမိဘူး​နော်"

 ငါ့​​​ယောကျာ်းက girl allergicရှိတယ်(Completed)Where stories live. Discover now