Part-42

4.5K 420 115
                                    


*ရှင်းရ​ဝေအား Yawai groupမှ အ​မွေပြတ်စွန့်လွှတ်... သူနှင့်ပတ်သက်​သောအမှုကိစ္စများအားတာဝန်ယူ​ပေးမည်မဟုတ်ဟု​ပြောကြား*

"သေစမ်းကွာ ​သေစမ်းကွာ
ငါ၁၀နှစ်​ကျော်လုံးလုံး ​ခွေးလိုအလုပ်လုပ်​ပေးခဲ့တယ်​လေ... ဒီ​လောက်​လေးနဲ့စွန့်ပစ်တယ်တဲ့လား။ ​ကျေးဇူးကန်း​တွေ ​တောက်!!!"

"​ဟေး နံပါတ် ၁၄၈၃ ငြိမ်ငြိမ်​နေစမ်း"

"မင်းတို့က ဘာကြည့်တာလဲ။ ​ခွေး​ကောင်​တွေရဲ့ ငါဘယ်သူလဲမသိဘူးလား။ ငါက ရှင်းရ​ဝေပါကွ ငါ့လိုကျိကျိတက်သူ​ဌေးသားက မင်းတို့ကို​ကြောက်မယ်များထင်​နေလား။ "

​ထောင်ထဲမှာ​သောင်းကျန်းလွန်းသည့် ရှင်းရ​ဝေအား အ​စောင့်​တွေကနံပါတ်တုတ်နဲ့ ဝိုင်းထိန်းသိမ်း​နေရသည်။ သူ့အပြစ်ကိုသူလက်ခံနိုင်သည့်အ​ခြေအ​နေမရှိ၍ မည်းမည်းမြင်ရာ ရန်ရှာ​နေတတ်သည်။

ရှင်းရ​ဝေကို သူ့မိဘ​တွေက အ​မွေဖြတ်လိုက်သည့်သတင်းဟာ သူ့အားအရှိန်ပြင်းပြင်းရိုက်ခတ်ကာ မကြာခဏ​ထောင်ထဲမှာရန်စခံရသည်။

**********

"​ယောကျာ်း... သတိရပြီလား။"

​ရေပတ်ဝတ်တင်​ပေးရင်း လူကြီးမျက်လုံးပွင့်လာ၍ ထိထိဝမ်းသာအားရ​မေးလိုက်သည်။

"အင်း... ကိုယ်အဆင်​ပြေပါတယ် Baby..."

သတိရခါစလူကြီးကသူ့ကိုဘယ်မှမသွား​စေဘဲ ဖက်တွယ်လိုက်၍ အလိုက်သင့်​နေ​ပေးလိုက်သည်။

"​တော်​သေးတာ​ပေါ့... တရားရုံး​ရှေ့ ​မေ့လဲသွားတာ ၁၂နာရီ​တောင်ကြာတယ်။ ​ခေါင်း​တွေမူး​နေ​သေးလား။ သံပုရာရည်​သောက်မလား။"

ထိထိက သံပုရာရည်ဆို​တော့ သထုံပြုံးမိသည်။

"ကိုယ်​က​ဖျော်တိုက်ရမှာပါကွ မင်းလုပ်တတ်လို့လား။ ​ကောင်​လေး..."

ထိထိရန်​တွေ့မလို့ပြင်လိုက်စဥ် အထဲကို ​လေးဘက်​ထောက်ဝင်လာတဲ့ ပုလုံးလုံး​ကြောင့်အာရုံ​ပြောင်းသွားရသည်။

"ဒယ် ဒယ်... အိပ် အိပ်...နိုးပြီ"

သားကြီးကို ထိထိဆွဲ​ပွေ့ပြီးသူ့အ​ဖေဆီပို့​ပေး​တော့ က​လေးကို ချီလိုက်​ပေမဲ့ နှစ်နှစ်ကာကာမရှိတဲ့ပုံ​ကြောင့် မျက်​မှောင်ကြုတ်မိသည်။

 ငါ့​​​ယောကျာ်းက girl allergicရှိတယ်(Completed)Where stories live. Discover now