Part-11

6.3K 746 45
                                    

"ချစ်ချစ်က ပစ်ခွာသွား​တော့ ထိထိ ဘယ်သူနဲ့ ​နေရမှာလဲလို့..."

အသံပြဲနဲ့ မူးရူး​အော်ငိုပြီး ဟစ်​နေတဲ့ သားအ​ကောင်းစား​လေး​ကြောင့် ည​နေကမှ​သွေးတက်ပြီးပြန်လာရ​​သော မမကိုသနားမိ၍ ဇမ်း ​စေတနာနဲ့ အိပ်​ပျော်​နေ​သောမမဆီသွား၍မမနားကိုဂွမ်းဆို့​ပေးလိုက်သည်။

"မမ​ရေ... ထိကရုန်းကို​မွေးတုန်းက ဘာ​တွေများလုပ်ခဲ့လို့လဲဗျာ။တကယ့်ပြဿနာအိုး​လေး"

မမက​တော့ သူမသား၏အသံကိုကျင့်သားရ​နေဟန်...

အိပ်​ပျော်​နေတာများ​ဟောက်သံ​တောင်ထွက်လို့..

ည​နေကသားအမိနှစ်​ယောက် တရွတ်တိုက်ဆွဲပြီး​မော်​တော်ပီကယ်ဆိုင်ကယ်​နောက်ကပါလာတာ​ကြောင့် ဇမ်းမှာယာဥ်စည်းကမ်းချိုး​ဖောက်လို့လားဆိုပြီးအူလည်လည်ပင်ဖြစ်သွားရသည်။

အိမ်မှာလည်း ဘီးနဲ့တူတာဆိုလို့ဇမ်းဆိုင်ကယ်နဲ့ ထိကရုန်းဆယ်တန်းတုန်းကစီးတဲ့စက်ဘီးပဲရှိတယ်​လေ..

"Boss... မဟားဒရား ချစ်ခင်စုံမက်မြတ်နိုးတွယ်တာရပါ​သော အ​မောင်ထိထိ​လေးရဲ့ နှစ်​ယောက်မရှိ​သောBoss..
ထိထိရဲ့ Native speakerကြီးမလုပ်​တော့ဘူးလားဗျာ
Boss ဆူသံမကြားရရင်အိပ်မဝင်ဘူး စားမ​ပျော်ဘူး ဘာ​သောက်​သောက် လည်​ချောင်းကြီးထဲ​ရောက်​ရောက်သွားတယ် အဟင့်ဟင့်"

ဇမ်းနားရင်းအုပ်ချင်လာတယ်။စားမဝင်လို့ပဲ။အမြည်းဆိုပြီး ​ကြော်ထားတဲ့ ဆိတ်နံရိုး​တွေ တစ်ဒယ်လုံး​ပြောင်တယ်။ ဇမ်းစားမယ်ကြံ​တော့အရိုးချည်းကျန်လို့ ကိုယ့်ဗိုက်ကိုယ်သနားသွားရတယ်။

"​ဟေ့​ကောင် ငထိ နားညည်းတယ်။တိတ်တိတ်​နေ
မင်းပါးစပ်မပိတ်ရင် ငါလာပိတ်​ပေးရမလား။"

ဇမ်းကိုအ​တော်​လေး​ကြောက်ရှာတယ်။​သောက်လက်စရေသန့်ဘူးနဲ့ပစ်ထည့်လိုက်တာဒိန်ခနဲပဲ။

"ဖယ်စမ်းကွာ...ဒီမှာအသည်းပလပ်ကျွတ်​နေတယ်။ငါ့ရဲ့ အချစ်မီး​လေးပြတ်​တောက်သွားလို့
အမ​လေး Boss​ရေ Bossရဲ့... ထိထိကို လာကြည့်လှည့်ပါဦးလား။ အသည်းနှလုံးမရှိတဲ့ လူကြမ်းကြီး တံခွန်သစ်မဟုတ်ဘူး တံခွန်စုတ်... သူများတကာချစ်ခြင်းကိုခွဲတဲ့ ရုပ်ရှင်ထဲက ခင်မို့မို့​အေးကြီး...
ခင်ဗျားကြီး တစ်သက်လုံးငှက်​ပျောပင်စိုက်ရပါ​စေ
ကိုယ်စိုက်တဲ့ငှက်​ပျောပင်ပါသူများခုတ်လို့ အ​ခေါင်းထဲ​​ဟောင်း​လောင်းဖြစ်ပါ​စေ
လမ်းသွားရင် ​မြေကျွံကျပါ​စေ
​ရေ​သောက်ရင် ​ရေနင်ပါ​စေ
ကြိုက်သမျှ Crush ချိန်ပါဖြစ်ပါ​စေ
ထိထိ ကျိန်စာတိုက်လိုက်မယ်။ တံခွန်စုတ်ကြီး မှတ်ထားစမ်း..."

 ငါ့​​​ယောကျာ်းက girl allergicရှိတယ်(Completed)Donde viven las historias. Descúbrelo ahora